မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးတော်အ ချို့ပြိုကျပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ရာ ယနေ့ မေ ၄ ရက်တွင် ပြိုကျပျ-က်စီးနေမှုများကို ဖယ်ရှားရှင်း လင်းနေမှုများအား သီတဂူဆရာတော်ကြီးမှ ကြည့်ရှုတော်မူခဲ့သည်။
သီတဂူဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုးပေါ် ၌ မိုးရွာသွန်းနေချိန်၌ပင် ယနေ့ မေ ၄ ရက်နံနက် ၇ နာရီခွဲမှစတင်၍ ဆွမ်းဦးပုညရှင်စေတီတော်ကြီး၏ ရှင်းလင်းဖယ်ရှားမှု ၇၅ ရာခိုင်နှုန်းအထိပြီးစီးပြီဖြစ်သော ရင်ပြင်တော်အပိုင်းအပျ-က်အစီးများရှင်းလင်းနေမှုကို ကြည့်ရှုတော်မူခဲ့သည်။
ထို့နောက် သီတဂူဆရာတော်ကြီးသည် မဟာစေတီတော်အားဖူးမြှော်ကြည်ညိုပြီး မရှိခဏဘုရားသို့ကြွရောက်၍ အပျ-က်အစီးများရှင်းလင်းနေမှုကို ကြည့်ရှုတော်မူကာ မရှိခဏစေတီ၏ အပျ-က်အစီးများကြားမှထွက်ပေါ်လာသည့် စေတီဟောင်းတစ်ဆူကိုလည်း ကြည့်ရှုတော်မူခဲ့ပြီး ရတနာထွဋ်ခေါင်စေတီတော်သို့လည်း ကြွရောက်ကြည့်ရှုတော်မူခဲ့သည်။