စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ယနေ့ဩဂုတ်(၆)ရက်နေ့ ညနေထိ ခန့်မှန်းချက်အရ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်း ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေအရ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေကြာင်း မိုးဇလက ထုတ်ပြန်ထားသည်။
အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုးဇလက အကြံပြုထားသည်။
