Tuesday, May 19, 2026

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း...

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC...

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်...

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့...

မေ ၂၆ ရက် တစ်ရက်အတွက်...

နေပြည်တော်-ရန်ကုန် နေ့စဥ်နံနက် ၁၀ နာရီတွင်ပြေးဆွဲနေသည့် အမှတ်(၃၂)အစုန် DEMU အမြန်ရထားခရီး စဉ်ကို လာမည့် မေ ၂၆ ရက်၌ပြေးဆွဲခြင်းမပြုဘဲ ရပ်နားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsစစ်ကိုင်းတိုင်းတွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီးသရုပ်​ဆောင်များ၊...

စစ်ကိုင်းတိုင်းတွင် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီးသရုပ်​ဆောင်များ၊ အဆိုတော်များဖြင့် ဖျော်ဖြေမည်ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် ရုပ်ရှင်၊ ဗွီဒီယိုသရုပ်ဆောင်နှင့် အဆိုတော်၊ မင်းသား၊ မင်းသမီးများ၏ ဖျော်ဖြေတင်ဆက်မှုများပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၁၅) ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်များ ကျင်းပပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း အလားတူ သင်္ကြန်ပွဲအခမ်းအနားများ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

ယင်းသို့ စီစဉ်နေသည့်အထဲတွင် PDF များ ၊ ဒေသကာကွယ်ရေးတပ်များနှင့် စစ်ရေးအခြေအနေ တင်းမာမှုများ မြင့်တက်နေပြီး မြို့နယ်အများအပြားကို စစ်အုပ်ချုပ်ရေး ကြေညာထားရသည့် စစ်ကိုင်းတိုင်းတွင်ပါ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် ပြင်ဆင်နေကြောင်း  တိုင်းဒေသကြီးဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလာခြင်းလည်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၊ ၂၀၁၉ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သည့် ချင်းတွင်းသင်္ကြန်မှာ မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်များ၌ အထင်ကရ ပွဲတော်တစ်ခု ဖြစ်ခဲ့ပြီး နိုင်ငံတကာနှင့် ကမ္ဘာလှည့် ခရီးသွားများ၏ အာရုံစိုက်ခြင်းကိုလည်း ခံခဲ့ရသည့်ပွဲတော်တစ်ခု ဖြစ်ခဲ့သည်။

အဆိုပါ ချင်းတွင်းသင်္ကြန်ကို ၂၀၂၀ ခုနှစ်မှ စတင်ရပ်နားခဲ့ပြီး ပြီးခဲ့သည့်နှစ်သင်္ကြန်အထိ ပြည်သူအများစုကပျော်ပွဲရွှင်ပွဲများနှင့် ခပ်ဝေးဝေးနေခဲ့ကြရခြင်းလည်း ဖြစ်သည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကို ပြည်သူများ၏ မွန်းကြပ်မှုများပြေပျောက်ပြီး စိတ်လန်းဆန်းပျော်ရွှင်အောင် အကောင်းဆုံး စီမံဆောင်ရွက်ပေးကြရန်လည်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများကို တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည်...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC တွင် မှတ်ပုံတင်မည်

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မေလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆” အခမ်းအနား၌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာ-တရုတ် ချစ်ကြည်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ တရုတ်ဒူးရင်းသီးဈေးကွက်တွင် ဝေစုရရှိနိုင်ရေး ရည်မှန်း၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာ့ဒူးရင်းသီးဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း...

ပြည်သူ့လိုအပ်ချက်များညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် မအူပင်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဖွင့်လှစ်  

ပြည်သူများ၏ လိုအပ်ချက်များ တင်ပြနိုင်ရန်နှင့် အခက်အခဲရှိပါက ညှိနှိုင်းဖြေ‌ရှင်းပေးနိုင်ရန် ဧရာဝတီတိုင်း‌ဒေသကြီး မအူပင်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခြံဝန်းအတွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့​ဖြိုးရေးပါတီလွှတ်တော်ကိုယ်စားလှယ်များရုံးကိုမေလ (၁၉)ရက်၊နံနက်(၉)နာရီအချိန်က   ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။        "ပြည်သူတွေက ဒီရုံးမှာလာပြီးတော့ သူတို့ရဲ့အခက်အခဲတွေ ၊ လိုအပ်ချက်တွေကိုလာရောက်တင်ပြလို့ရပါတယ် ၊ ကျွန်တော်တို့ကိုယ်စားလှယ်တွေက တင်ပြတဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် ၊ ညှိနှိုင်းပေးမယ်´´ဟု မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်က ပြောသည်။ အဆိုပါလွှတ်တော်ကိုယ်စားလှယ်ရုံးတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ ရုံးထိုင်မည်ဖြစ်ကြောင်း သိရသည်။ ``ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ကစပြီး ရုံးထိုင်နေပါပြီ ။ ပြည်သူတွေအနေနဲ့သိချင်တာရှိရင် လာရောက်မေးမြန်းလို့ရပါတယ် ၊ လိုအပ်တာရှိရင်လည်း လာရောက်တင်ပြလို့ရပါတယ်  " ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071