Saturday, June 21, 2025

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့်...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို...

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက...

ကာကွယ်ရေးအတွက် ငွေပိုသုံးရန် ယူအက်စ်ကတောင်းဆိုသဖြင့်ဂျပန်ကယူအက်စ်နှင့်အစည်းအဝေးကိုဖျ-က်သိမ်း

ကာကွယ်ရေးနှင့် ပတ်သက်ပြီး ငွေကိုပိုမိုသုံးစွဲရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က တောင်းဆိုခဲ့သဖြင့် ဂျပန်သည် ၎င်း၏ အဓိကမဟာမိတ် အမေရိကနှင့် အဆင့်မြင့်အရာရှိအဆင့် အစည်းအဝေးကို...
HomeInternationalစင်္ကာပူ၌ သားသမီး များအား...

စင်္ကာပူ၌ သားသမီး များအား ရေနွေးပူဖြင့်ပက်မှုဖြင့် မိခင်ကို တရားစွဲ

စင်္ကာပူ၊ဩဂုတ် ၁

စင်္ကာပူနိုင်ငံမှအမျိုးသမီးတစ်ဦးသည် အသက် ၈ နှစ်မှ ၁၁ နှစ်အရွယ်ရှိ၎င်း၏ကလေးငယ်လေးယောက်အား ရေနွေးပူဖြင့်ပက်မှုကြောင့် ကလေးငယ်များအား မီးလောင်ဒဏ်ရာများခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပေါ်စေခဲ့သဖြင့် တရားစွဲဆိုခံထားရကြောင်းသိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိအဆိုပါအမျိုးသမီးအား ၎င်း၏ကလေးငယ်များကိုဆိုးရွားစွာဆက်ဆံမှု​ကြောင့်ပြစ်မှုလေးခုဖြင့်တရားစွဲဆိုထားသည်ဟုလည်းသိရသည်။

စွဲချက်များအရ အဆိုပါကလေးငယ်များသည် ယမန်နှစ်ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီ ၃၀ မိနစ်အချိန်များအတွင်း ၎င်းတို့နေထိုင်ရာတိုက်ခန်းအတွင်း၌ ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါအမျိုးသမီးသည် အသက် ၈ နှစ်၊၁၀ နှစ်နှင့် ၁၁ နှစ်အရွယ်ရှိ ၎င်း၏ သမီးများအားရေနွေးပူဖြင့်ပက်ခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်အရွယ်ရှိ၎င်း၏သားဖြစ်သူကိုလည်း ထိုနည်းအတိုင်းပင်ကျူးလွန်ခဲ့သည်ဟုဆိုသည်။

ထိုသို့ပြုလုပ်ခံခဲ့ရသဖြင့် ကလေးငယ်များ၏ လက်များ၊ရင်ဘတ်များနှင့်ပေါင်များတွင် အပူလောင်ဒဏ်ရာများရရှိခဲ့ကြောင်းလည်းဖော်ပြထားသည်။

ကလေးငယ်လေးယောက်အနက် အသက် ၁၀ နှစ်အရွယ်ရှိမိန်းကလေးငယ်သည် အဆိုးရွားဆုံးဒဏ်ရာရရှိထားပြီး ၎င်း၏ဘယ်ဘက်လက်မောင်း၊ဝမ်းဗိုက်နှင့်ပေါင်နှစ်ဖက်တွင် အပူလောင်ဒဏ်ရာများရရှိခဲ့သည်ဟုသိရသည်။

အစိုးရရှေ့နေများကအဆိုပါအမျိုးသမီးအား အာမခံငွေ စင်္ကာပူဒေါ်လာ ၁၅,၀၀၀ ပေးဆောင်စေခဲ့ပြီး ကလေးများနှင့်အဆက်သွယ်မလုပ်ရန်ညွှန်ကြားထားသည်။ အဆိုပါအမျိုးသမီးသည် ကလေးများနှင့်၎င်းတစ်ဦးတည်းသာနေခြင်းဖြစ်ပြီး အိမ်ထောင်ကွာရှင်းထားခြင်းလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းအမှုအား ယခုလကုန်ပိုင်းတွင် ထပ်မံကြားနာစစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး ထောင်ဒဏ်ရှစ်နှစ်အထိဖြစ်စေ၊စင်္ကာပူဒေါ်လာ ရှစ်ထောင်ဒဏ်ငွေဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်းလည်းသိရသည်။

Source : စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မှော်ဘီမြို့နယ်၌ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှဖော်ဆောင်နေသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၂၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ဇုန်အတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုးစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့် အထွက်တိုးပြောင်းမျိုး စေ့ဆောင်ရွက်လျက်ရှိမှုတို့ကို နစက ဥက္ကဋ္ဌအား ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်တာဝန်ခံက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌမှ စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီး ဟင်းရွက်များကို ဈေးကွက်အတွင်းသို့လတ်ဆက်စွာဖြင့်...

အမေရိကန်များရာနှင့်ချီ၍ အီရန်မှ ထွက်ခွာ  

  အစ္စရေးနှင့် ပဋိပက္ခအရှိန်မြင့်လာသောကြောင့် ရာနှင့်ချီသော အမေရိကန်နိုင်ငံသားများသည်အီရန်နိုင်ငံမှ ထွက်ခွာနေခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အစီရင်ခံစာတစ်ခုက ဆိုသည်။       စစ်ပွဲတွင် အမေရိက ဝင်ပါမည့်အခြေအနေကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချိန်ဆနေသောကြောင့် အီရန်ရှိ အမေရိကန်နိုင်ငံသားများ သည်အန္တရာယ်ရှိနေသည်ဟု သောကြာနေ့က အခြေအနေအစီရင်ခံစာ အသေးစိတ်တွင် ဖော်ပြခဲ့သည်။        အီရန်တွင်ရှိနေသည့် အမေရိကန်နိုင်ငံသား အရေအတွက်အတိအကျကို မသိရဘဲ နိုင်ငံခြားရေးဌာနအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများကို မှတ်ပုံတင်ရန် မလိုအပ်ပေ။          အမေရိကသည် အစ္စရေးရှိ သိန်းနှင့် ချီသော အမေရိကန်နိုင်ငံသားများကို နိုင်ငံမှ ပြန်ခေါ်ထုတ်ရန် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များကိုလုပ်ဆောင်နေသကဲ့သို့ အီရန်ရောက် နိုင်ငံသားများအတွက်မူ ယင်းအစီအစဉ်များကို...

အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို ပြောခဲ့ကြောင်းပူတင်ဖွင့်ဟ

        အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များ ကိုထုတ်လုပ်ရန် ရည်ရွယ်နေသည့် အထောက်အထားမရှိဟု ရုရှားက အစ္စရေးကို ထပ်ခါတလဲလဲ ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပူတင်က ပြောကြားခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက သတင်းဖော်ပြခဲ့သည်။           “ရုရှားသာမကဘူး အိုင်အေအီးအေ(နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ) ကလည်း အီရန်တို့ နျူကလီးယားလက်နက် ရရှိဖို့ ပြင်ဆင်နေတဲ့ အထောက်အထားမျိုး လုံး၀ မတွေ့ခဲ့တာကြောင့် အစ္စရေးခေါင်းဆောင်တွေကို ငါတို့အကြိမ်ကြိမ် သတိပေးခဲ့ကြပါတယ်” ဟု ပူတင်က ပြောခဲ့သည်ဟု စကိုင်းနူးစ်အာရေဗျက ဖော်ပြသည်။       ငြိမ်းချမ်းသောလုပ်ရပ်အတွက်ရည်ရွယ်သော နျူကလီးယားအစီအစဉ်အတွက် ရုရှားက အီရန်ကို ထောက်ခံပံ့ပိုးရန် အသင့်ရှိကြောင်းနှင့် အီရန်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071