Saturday, July 26, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeInternationalစင်ကာပူ၌ဒေါ်လာ၁၂,၀၀၀ ခိုးထုတ်သည့် မြန်မာအိမ်အကူ...

စင်ကာပူ၌ဒေါ်လာ၁၂,၀၀၀ ခိုးထုတ်သည့် မြန်မာအိမ်အကူ ထောင် ၉ လကျ

သက်ကြီးရွယ်အို စင်ကာပူအိမ်ရှင်များထံမှ တစ်လအတွင်း စုစုပေါင်း ဒေါ်လာ ၁၂,၀၀၀ ခိုးယူခဲ့မှုဖြင့် အသက် ၃၁ အရွယ် မြန်မာအိမ်အကူတစ်ဦးကို ဇွန် ၂၄ ရက်တွင် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ကြောင်း သိရသည်။

မအိဇင်ဖြူသည် အသက် ၈၁ နှစ်နှင့် ၈၂ နှစ်အသီးသီးရှိကြသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှင့် Hougang ရိပ်သာလမ်းရှိ ၎င်းတို့၏ နေအိမ်တွင် အတူတူနေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

သူသည် အိမ်ရှင်အမျိုးသားကြီး အေတီအမ်စက်သို့ ငွေထုတ်သွားရာတွင် မကြာခဏ လိုက်ပါသွားရလေ့ရှိကာ ငွေထုတ်မှုများကို ကူညီပေးရသည်။

ယင်းသို့ငွေထုတ်သွားမှုများအတွင်း သူသည် ၎င်း၏ အေတီအမ်ကတ် ပင်နံပါတ်ကို အလွတ်မှတ်ထားကာ ဧည့်ခန်းရှိ အံ့ဆွဲတစ်ခုအတွင်း ပိုက်ဆံအိတ်ကို သိမ်းဆည်းလေ့ရှိသည်ကိုလည်း သတိပြုမိထားသည်။

မဖြူသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အတွင်း အေတီအမ်ကတ်ကို ၁၁ ကြိမ်တိုင် ခိုးယူခဲ့ကာ တစ်ကြိမ်လျှင် ဒေါ်လာ ၅၀၀ မှ ၁၅၀၀ အထိ ငွေထုတ်ယူခဲ့သည်။ သူသည် စုစုပေါင်း ဒေါ်လာ ၁၂,၀၀၀ ထုတ်ယူခဲ့ပြီး အချို့ရက်များတွင် ငွေနှစ်ကြိမ် ထုတ်ယူခဲ့သည်။

ထို့နောက် စတိုင်းဆိုင်များရှိ Singtel Dash e-wallet ဝန်ဆောင်မှုကိုသုံး၍ ထုတ်ယူခဲ့သောငွေများကို မြန်မာနိုင်ငံရှိ မိသားစုထံ ပြန်လွှဲပေးခဲ့သည်။ ကွယ်လွန်သူဖခင်၏ ဆေးဖိုးဝါးခ အကြွေးများကို ပေးဆပ်ရန်အတွက် အိမ်ကို ပို့ပေးခဲ့သည်ဟု သူကဆိုသော်လည်း အချို့သောငွေများကို မြန်မာနိုင်ငံတွင် ရွှေဝယ်ယူရန်အတွက် အသုံးပြုခဲ့သည်ဟု သိရသည်။

အလုပ်ရှင်အမျိုးသမီးကြီးက ၎င်းတို့ဘဏ်အကောင့်တွင် ကွဲလွဲမှုများဖြစ်နေသည်ကို သတိပြုမိခဲ့ကာ မဖြူကို မေးမြန်းခဲ့ရာမှ ဇန်နဝါရီ ၁၉ ရက်တွင် ခိုးယူမှု ပေါ်ပေါက်ခဲ့သည်။ အိမ်ရှင်ဇနီးမောင်နှံသည် ချွေးမဖြစ်သူကို အကြောင်းကြား၍ ရဲစခန်းကို တိုင်ကြားခဲ့ကြသည်။

သူ့မိခင်သည် ဖခင်၏ ဆေးကုသမှုများအတွက် အကြွေးများစွာ ပေးဆပ်ခဲ့ရကြောင်းနှင့် အိမ်မှ အကြိမ်ကြိမ် ဖုန်းခေါ်ပြောဆိုမှုများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရကြောင်း တရားရုံးသို့ ပြောကြားခဲ့သည်ဟု Shin Min နေ့စဉ်သတင်းက ဖော်ပြသည်။

သူ၏ လုပ်ရပ်အတွက် နောင်တရမိကြောင်းနှင့် အမှုကို သက်သက်ညှာညှာစဉ်းစားပေးပါရန် သူက တောင်းပန်လျှောက်လဲခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း မဖြူသည် ထုတ်ယူခဲ့သောငွေများအတွက် ပြန်ပေးလျော်ခြင်းမရှိကြောင်း တရားရုံးက မှတ်ချက်ပြုခဲ့သည်။

လက်ရှိတွင် အိမ်ရှင်ဇနီးမောင်နှံသည် အိမ်အကူအသစ် ရရှိသွားခဲ့ပြီဟု သိရသည်။

Ref:STOMP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။ ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။ အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင်...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။ ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071