Home News Local News စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၏လိုင်စင်များကို ယာ ယီပိတ်သိမ်းပြီး စက်သုံးဆီသိုလှောင်သူကိုအမှုဖွင့်

စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၏လိုင်စင်များကို ယာ ယီပိတ်သိမ်းပြီး စက်သုံးဆီသိုလှောင်သူကိုအမှုဖွင့်

0
280

သတ်မှတ်စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိ၍ သတင်းပေးတိုင်ကြားချက်များကြောင့် နေပြည်တော်နှင့် မန္တလေးတိုင်းတို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်၏ လိုင်စင်များကို ယာယီပိတ်သိမ်းခဲ့ကြောင်းစွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး”စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၂၅၉၇)၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့”စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၇၃၀)နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ “အောင်သိဒ္ဓိ”စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၄၈၀)တို့၏ လိုင်စင်များကိုယာယီပိတ်သိမ်းခဲ့ကာ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများကိုလည်း ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၀/B ရပ်ကွက်၊ မြနန္ဒာလမ်းသွယ်(ကျူးကျော်)နေ ဦးမြင့်မောင်သည်လည်း စက်သုံးဆီများကို တရားမဝင်သိုလှောင်ထားကြောင်းတိုင်ကြားမှုအရ စစ်ဆေးမှုများပြုလုပ်ရာ တရားမဝင်စက်သုံးဆီများသိုလှောင်ထားကြောင်းတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here