Saturday, June 7, 2025

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း...

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်...

ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေး ထိုင်းမိတ်ဖက်ကစားသမားများဖြင့် လေ့ကျင့်မည်

ထိုင်းနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့အားကစားအောင်နိုင်ရေးအတွက် ထိုင်းမိတ်ဖက် ကစားသမားများနှင့် လေ့ကျင့်ရေးအစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။ ယမန်နေ့ ဇွန် (၆) ရက်က...
HomeNewsLocal Newsစက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက်...

စက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက် Charging Station တည်ဆောက်ခြင်းသည် အန္တရာယ်မရှိဟုဆို

စက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက် Charging Station တည်ဆောက်ရန် ညွှန်ကြားထားပြီး ၎င်းသည် အန္တရာယ်မရှိကြောင်း Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပြောသည်။

“ Public Station ကရန်ကုန်မှာ ၅ နေရာလုပ်ထားတယ်။ မန္တလေး၊နေပြည်တော်မှာရှိတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမှာလည်းရှိတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီဆိုင် ၃၈ ဆိုင်ကို Charging Station တပ်ရမယ်ဆိုတဲ့ဟာထွက်ထားတာရှိတယ်။ Charging Station ကတော့ဘယ်လိုပဲဖြစ်ဖြစ် စက်သုံးဆီဆိုင်တွေ အခုကတော့ ဓာတ်ဆီ၊ဒီဇယ်ရောင်းနေတာပေါ့။ နောက်ပိုင်း EV ကားတွေများလာတဲ့အခါကျတော့ သူတို့အတွက် Charging Station ကလည်းနောက်ထပ်ဈေးကွက်တစ်ခုအနေနဲ့ ရှိလာမှာပေါ့။ အန္တရာယ်ကတော့မရှိပါဘူး။ နဂိုကတည်းကိုက Safety နဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအရည်အသွေး သတ်မှတ်ချက်တွေကို လိုက်နာရတာဖြစ်တဲ့အတွက် ကြီးကြပ်တဲ့အဖွဲ့အစည်းတွေရှိတာပေါ့။ ဒီဟာနဲ့ပတ်သက်လို့ အန္တရာယ်နည်းပါတယ်” ဟု ၎င်းက ပြောသည်။

ကနဦးအနေဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တရုတ်ထုတ် လျှပ်စစ်ကား အစီးရေ ၄၀ စတင်ရောက်ရှိလာပြီး ကညနတွင်လိုင်စင်ဝင်ကာ ဖေဖော်ဝါရီ ၂၀ ရက်တွင်စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အများသုံး Level-3 အဆင့် လျှပ်စစ်ကား အားသွင်းရုံ (Charging Station) တွေ တည်ဆောက်ရန် ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။ အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်ပြည်လုံးတွင် လျှပ်စစ်ကားများသာ အသုံးပြုမည်ဟု ရည်မှန်းထားသည်။ နောက်ပိုင်းတွင် လျှပ်စစ်ဆိုင်ကယ်၊လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေကို ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း တရုတ်သံရုံး ထုတ်ပြန်

မြန်မာနိုင်ငံမှ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့် ဗီဇာသက်တမ်း (၅)နှစ်ရှိသည့် အာဆီယံဗီဇာ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ အဆိုပါ အာဆီယံဗီဇာကို မိမိကိုယ်တိုင်သာမက မိမိ၏ အိမ်ထောင်ဖက်၊ သားသမီးများလည်း လျှောက်ထားနိုင်သည်ဟု ဆိုသည်။ အာဆီယံဗီဇာသည် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သည့် (Multiple Entry) နှင့် အရှည်ဆုံး ဗီဇာသက်တမ်း (၅) နှစ်ထိ၊ အရှည်ဆုံး နေထိုင်ခွင့်ကာလ ရက် (၁၈၀) ရှိသည်။ ဗီဇာလျှောက်ထားမှုများကို လာမည့် ဇွန် (၉) ရက်ကစပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အာဆီယံဗီဇာလျှောက်ထားလိုသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး...

ပြည်တွင်း၌ စားသုံးသည့် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေး အနည်းငယ်မြင့်တက်လာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်သင့်တင့်မျှတသည့် ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျက်ရှိရာ ယခုဇွန်လတွင် ပြည်တွင်းစားဆန် ရွှေ‌ဘိုပေါ်ဆန်း ရည်ညွှန်းဈေးအနည်းငယ်မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအရ သိရသည်။ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ပထမတန်း (အဟောင်း) (၂၄) ပြည် ဆန်တအိတ်လျှင် ကျပ် (၁၅၅,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ပထမတန်း (အသစ်) (၂၄) ပြည် ဆန်တအိတ်လျှင်ရည်ညွှန်းဈေး ကျပ် (၁၄၀,၀၀၀)၊ ရွှေဘိုပေါ်ဆန်း ဒုတိယတန်း (အဟောင်း)(၂၄) ပြည် ဆန်တအိတ်လျှင် ရည်ညွှန်းဈေး ကျပ် (၁၅၀,၀၀၀) နှင့်...

အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

လူမှုဖူလုံရေးအဖွဲ့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် "ဘေးမခ"အထွေထွေရောဂါကုဆေးခန်းရှိရောဂါရှာဖွေရေး ဓါတ်ခွဲဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင် အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင် မပျ-က်ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်က လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံ ဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိ လိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦးတို့အား လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုအပါအဝင် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071