မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၂၃) သန်းနှင့် ထိုင်းဘတ် သန်း (၁၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအား သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် ဖေဖော်ဝါရီလ (၃) ရက်မှ (၂၄) ရက်အထိ ဒေါ်လာ (၁၃၂) သန်းကျော် ထုတ်ရောင်းပေးထားသည်။
ထို့ပြင် အဆိုပါကာလအတွင်း ထိုင်းဘတ် (၉ ဒသမ ၂၉) သန်းကျော်နှင့် တရုတ်ယွမ် (၅၃၅၇၈၂ ဒသမ ၂) သန်းကျော် ထုတ်ရောင်းပေးထားကြောင်း သိရသည်
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ (၄၅)သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ (၁၇၃)သန်းကျော် ၊ထိုင်းဘတ် (၁၄)သန်းနီးပါးနှင့် တရုတ်ယွမ် (၁၅)သန်းကျော် အထိ ထုတ်ရောင်းပေးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
