Thursday, July 23, 2026

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ်...

နေပြည်တော်၊ ဇူလိုင် ၂၃ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်နိမိတ်ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ၃၄ လကြာ...

ကြက်ဥဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးသူများ အဆင်ပြေစေရန်...

ပြည်သူများ၏ အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥ ဈေးနှုန်းများ အဆမတန် မြင့်တက်မသွားစေရေးနှင့် စားသုံးသူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက...

အာဆီယံသို့မြန်မာဝင်ရောက်ခြင်း ၂၉ နှစ်ပြည့် ပြီ

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ ယနေ့ကဲ့သို့သောနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၉) ခုမြောက် အသင်းဝင်နိုင်ငံအဖြစ်...

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု...

ရန်ကုန်၊ ဇူလိုင် ၂၃ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games...
HomeNewsLocal Newsစက်ရုံများတစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်

စက်ရုံများတစ်ပိုင်တစ်နိုင် ဆိုလာတပ်ဆင်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်

ပဲခူးတိုင်းအတွင်း၌ ကုန်ထုတ်လုပ်မှုစဉ်ဆက်မပြ-တ်တိုး တက်စေရေးအတွက် စက်ရုံများအလိုက်တစ်ပိုင်တစ်နိုင်ဆိုလာတပ်ဆင်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးရမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကိုအခြေခံ၍ ပြည်ပသို့ ကုန်ချောပစ္စည်းတင်ပို့နိုင်ရန် ဒေသတွင်းကုန်ကြမ်းပစ္စည်းများ၏ ထုတ်လုပ်မှုအရည်အသွေးကို ခေတ်နှင့်အညီဘက်စုံမြှင့်တင်ပေးရမည်ဟု ပြောသည်။

ထို့ပြင် လယ်ယာကဏ္ဍအတွက် ဓာတ်မြေဩဇာသွင်းအားစုထုတ်လုပ်သည့် ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကာ စက်မှုလုပ်ငန်းများမှထွက်ရှိသည့် အန္တရာယ်ရှိနိုင်သော စွန့်ပစ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သတ်မှတ်နည်းလမ်းအတိုင်း ဖျ-က်ဆီးစွန့်ပစ်ရမည်ဟု ပြောသည်။

ထို့အတူ ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါမြို့နယ်တို့သည် ငါးမွေးကန်များ၊ သဘာဝချောင်းမြောင်းအင်းအိုင်ပေါများသဖြင့် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ် ကုန်အဖြစ်ထုတ်လုပ်နိုင်သော အအေးခန်းစက်ရုံများ၊ ဆီသွပ်ဗူးစက်ရုံများ လာရောက်ဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်ရမှာဖြစ်ကာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများစဉ်ဆက်မပြတ် တိုးတက်စေရေးနှင့် ထိုက်သင့်သည့်လုပ်ခလစာရရှိရေးတို့အတွက် ကြိုးစားဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့သည်။

ပဲခူးတိုင်းအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၁၂ ဒသမ ၅၆၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၂၁၂,၈၀၀ ဒသမ ၇၉၅)သန်းရှိခဲ့ကာ အလုပ်သမား(၁၄,၀၆၃)ဦးအလုပ်အကိုင်များရရှိခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်တန်စွမ်းလေ့လာမည်

နေပြည်တော်၊ ဇူလိုင် ၂၃ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်နိမိတ်ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ၃၄ လကြာ ပူးတွဲဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်သွားရန် နှစ်နိုင်ငံက သဘောတူညီထားကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇူလိုင် ၄ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းများကို ပူးတွဲလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းအကောင်အထည်ဖော်နိုင်ပါက တရုတ်နိုင်ငံပြင်ပ မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးဆုံးစီမံကိန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။ နှစ်နိုင်ငံတာဝန်ရှိသူများက...

ကြက်ဥဈေးနှုန်း တည်ငြိမ်ရေးနှင့် စားသုံးသူများ အဆင်ပြေစေရန် ဆောင်ရွက်နေသည့် အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းစဉ်များ

ပြည်သူများ၏ အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥ ဈေးနှုန်းများ အဆမတန် မြင့်တက်မသွားစေရေးနှင့် စားသုံးသူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက မွေးမြူရေး အသင်းအဖွဲ့များ ပူးပေါင်းကာ အရေးပေါ် တုံ့ပြန်မှု (Emergency Response) အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် တည်ငြိမ်ရေး လုပ်ငန်းစဉ်များ ၁။ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ စျေးများတွင် ကြက်ဥတစ်လုံးလျှင် (၄၅၀) ကျပ်နှုန်းဖြင့် အရေးပေါ် ကူညီရောင်းချပေးသည့် အစီအစဉ်ကို...

အာဆီယံသို့မြန်မာဝင်ရောက်ခြင်း ၂၉ နှစ်ပြည့် ပြီ

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ ယနေ့ကဲ့သို့သောနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၉) ခုမြောက် အသင်းဝင်နိုင်ငံအဖြစ် တရားဝင် လက်ခံခဲ့ပါသည်။ ဤသမိုင်းဝင်မှတ်တိုင်သည် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာပေါင်းစည်းမှုဆီသို့ အာဆီယံ၏ခရီးလမ်းတွင် အရေးပါသောခြေလှမ်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး၊ အသင်းဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကောင်းစေကာ အရှေ့တောင်အာရှတစ်ခွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် ကျွန်ုပ်တို့၏ ဘုံကတိကဝတ်များကို ရှေ့သို့တိုးမြှင့်ပေးခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အာဆီယံသို့ သမိုင်းဝင်ဝင်ရောက်ခဲ့သည့် (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပဆင်နွှဲနေကြစဉ်၊ ပေါင်းစည်းညီညွတ်ပြီး ခံနိုင်ရည်ရှိကာ ပြည်သူကိုဗဟိုပြုသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071