Sunday, June 28, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeNewsLocal Newsစက်မှုပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် တရုတ်-အာဆီယံဒေသကို ပိုမိုအားကောင်းအောင်...

စက်မှုပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် တရုတ်-အာဆီယံဒေသကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြရန် တိုက်တွန်းပြောကြား

စက်မှုမူဝါဒညှိနှိုင်း ဆောင်ရွက်မှုနှင့် မဟာဗျူဟာ မြောက်ညှိနှိုင်းမှုအားကောင်းစေရန်၊ ဒေသတွင်းဆန်းသစ်တီထွင် မှုဂေဟစနစ်ကို တည်ဆောက်ရန် သဘောတူညီခဲတူညီခဲ့

နိုင်ငံတော်ဝန်ကြီးချုပ် ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် စက်တင်ဘာ(၁၇)ရက်နေ့က ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ ကို တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံများအကြား အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သော စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ခြင်းအားဖြင့် စက်မှုကဏ္ဍနယ်ပယ်အတွင်း အပြိုင်အဆိုင်ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်သည့် ယှဉ်ပြိုင်နိုင်စွမ်းများရှိလာပြီး ရေရှည်တည်တံ့သည့် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုကဏ္ဍ ရှိ နည်းပညာ ဆိုင်ရာဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ပူးတွဲလေ့ကျင့်မှု၊ နည်းပညာသင်တန်းများနှင့် သက်မွေးပညာ နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်မှုများသည် ယနေ့ခေတ်၏ စက်မှုဖွံ့ဖြိုးမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် လူငယ်များပါဝင်ရေး မြှင့်တင်ပြီး ချမှတ်ထားသောမူဝါဒများနှင့် လုပ်ငန်းစဉ်များဖြင့် ဂေဟစနစ် တည်ဆောက်သွားနိုင်ပါက တရုတ်-အာဆီယံ ဒေသအတွင်း စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပိုမို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း၊ လည်း ပြည်‌ထောင်စုဝန်ကြီး ကပြောသည်။

စက်မှုပူးပေါင်းဆောင်ရွက်မှုအင်အားဖြင့် တရုတ်-အာဆီယံဒေသကို ပိုမိုအားကောင်းအောင် တည်ဆောက်ကြရန် တိုက်တွန်းပြောကြားပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှဝန်ကြီးများက တရုတ်- အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နန်နင်းဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ဖြစ်သည့် စက်မှုမူဝါဒညှိနှိုင်း ဆောင်ရွက်မှုနှင့် မဟာဗျူဟာ မြောက်ညှိနှိုင်းမှုအားကောင်းစေရန်၊ ဒေသတွင်းဆန်းသစ်တီထွင် မှုဂေဟစနစ်ကို တည်ဆောက်ရန်၊ ဒစ်ဂျစ်တယ်၊ အစိမ်းရောင်နှင့် ဉာဏ်ရည်တု နည်းပညာဖြင့် စက်မှုအသွင်ပြောင်းခြင်း နယ်ပယ်များတွင် စံချိန်စံနှုန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံများမြှင့်တင်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘောတူညီချက်များလည်း ရှိခဲ့ကြောင်းသိရသည်။

ထိုပြင် ဂြိုဟ်တုလမ်းကြောင်းပြခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရေးပံ့ပိုးပေးခြင်းအပါအဝင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စွမ်းအင်သစ်ကဏ္ဍတို့ပါဝင်သည့် ထွန်းသစ်စ စက်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှုကို စူးစမ်းလေ့လာရန်၊ တရုတ်နိုင်ငံနှင့် အာဆီယံရှိ စွမ်းအင်သစ်ယာဉ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ ဖြေလျှော့ပေးရေးကို ဆက်လက်မြှင့်တင်ရန်၊ AI ဖြင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် AI ဆိုင်ရာ အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုကိုရှာဖွေရန်၊ လျှပ်စစ် စက်ဘီးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေရန်၊ အထည်အလိပ်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ ဆေးဝါးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ စက်မှုကဏ္ဍရှိ နည်းပညာဆိုင်ရာ ဝန်ထမ်းများ၏ ပူးတွဲလေ့ကျင့်မှုကို အားကောင်းစေရန်၊ SMEs များကို စက်မှုပူးပေါင်းဆောင်ရွက်မှုစနစ်သို့ ပေါင်းစည်းရေးကို သင့်တင့်မျှတသောပုံစံဖြင့် မြှင့်တင်ရန် စသည့်အချက်များကို သဘော တူညီခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071