ပြည်ပနိုင်ငံအသီးသီးသို့ အလုပ်သမား စေလွှတ်ခြင်းအတွက် အေဂျင်စီများသည် လစဥ် စေလွှတ်လုပ်သား စာရင်းများ တင်ပြရန် ညွှန်ကြားထားသော်လည်း ၂၀၂၅ ခုနှစ် စ က်တင်ဘာလအတွက် အလုပ်သမားစေလွှတ်လချုပ်စာရင်းများ အချိန်မီတင်ပြရန် လိုအပ်သော အေဂျင်စီ (၁၈၀) နီးပါးရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ Safe Migration ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် စေလွှတ်လချုပ်ပေးပို့ခြင်းမရှိသည့် အေဂျင်စီ စုစုပေါင်း (၁၇၉) ခုရှိပြီး ယင်းအေ ဂျင်စီများ အနေဖြင့် အချိန်မီစာရင်းမပေးပို့နိုင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
လိုင်စင်ရ အေဂျင်စီများသည် နိုင်ငံအလိုက် မိမိတို့စေလွှတ်ခဲ့သော အလုပ်သမား တစ်ဦးချင်းစီ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပသို့ သွားရောက်သည့်နေ့စွဲ၊ ပြည်ပတွင် အလုပ်လုပ်နေသည့် အလုပ်အကိုင် နှင့် နေရပ်လိပ်စာ စသ ည်များကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီး ဌာနသို့ပေးပို့ရခြင်းဖြစ်သည်။
