ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ပြုလုပ်သည့် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ မျက်နှာစုံညီ အစည်းအဝေး၌ ဗဟိုဘဏ် ဥက္ကဋ္ဌ က ပြောသည်။
ထိုကဲ့သို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်နိုင်ရန် ၂၀၂၄ – ၂၀၂၈ အတွက် အမျိုးသားအဆင့် မဟာ ဗျူဟာကိုရေးဆွဲပြီး ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။
လက်ရှိတွင်မူ နိုင်ငံတကာ ငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း (Black List) ၌ မြန်မာနိုင်ငံဆက်ရှိနေပြီး လာမည့် ဇွန်လအထိ တိုးတက်မှုမရှိပါက ထပ်မံအရေးယူခံရခြင်းမျိုးရှိနိုင်ကြောင်းလည်း FATF က ထုတ်ပြန်ထားသည်။
ယင်း မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ (၁၇) ရက်မှ (၂၁) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာ၌ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားေ-သကျေစေသည့် လက်နက်များပြန့်ပွားအောင် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများ FATF အကြံပြုချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း အစည်းအဝေး၌ တင်ပြခဲ့သည်ဟု သိရသည်။
