ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၌ ငွေကျပ်(၃)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များကို သြဂုတ် ၃၀ ရက်ည ၁၀ နာရီခန့်က အမျိုးသား(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ နားယုန်ကျေးရွာအနီးတွင် မက်မန်းမြို့ဘက်မှ မိုင်းပျဉ်းမြို့ဘက်သို့ စိုင်းဦးသီလ(ခ)စိုင်းရွက် မောင်းလာသည့် TOYOTA KLUGER ကားအားရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကားပေါ်မှ ငွေကျပ်(၃ ဒသမ ၃၆)ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၄၂၀)ကီလိုကိုဖမ်း ဆီးရမိခဲ့ကာ စစ်ဆေးချက်များအရ အိုက်စ်များအား မက်မန်းမြို့နယ်၊ တာကော်လေးကျေးရွာအနီးမှ မိုင်းပျဉ်းမြို့နယ်၊ နားယုန်ကျေးရွာအနီးသို့ သယ် ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ကိုဖော်ထုတ်ငိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် အိုက်စ်များနှင့်အတူ ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအ တွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
