ကုလသမဂ္ဂ၊မေ ၂၉
ငြိမ်းချမ်းရေးဆွေးနွေးပွဲအရှိန်အဟုန်ကိုထိန်းထားရန်ရုရှားနှင့်ယူကရိန်းတို့ကိုတရုတ်သံတမန်က ကြာသပတေးနေ့ကတောင်းဆိုခဲ့သည်ဟုသိရသည်။
ရုရှားနှင့်ယူကရိန်းတို့သည် မကြာသေးမီကအစ္စတန်ဘူလ်တွင်တိုက်ရို-က်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အကျဉ်းသားများလဲလှယ်ရေးသဘောတူညီခဲ့ကာမကြာမီတွင်ဒုတိယအကြိမ်မြောက်တိုက်ရို-က်ဆွေးနွေးပွဲကိုကျင်းပတော့မည်ဖြစ်သည်။
တရုတ်နိုင်ငံသည်ယင်းကဲ့သို့ အပြုသဘောဆောင်သည့်တိုးတက်မှုများကိုကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအားလုံးကိုထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ်ကပြောကြားခဲ့သည်။
သို့သော်လည်း တိုက်ပွဲများသည် ရပ်တန့်သွားမည့် အရိပ်အယောင်မပြဘဲ အရပ်သားသေဆုံးမှု အရေအတွက်လည်း ဆက်လက်မြင့်တက်လျက်ရှိနေသဖြင့်နေ့ချင်းညချင်း ဖြေရှင်း၍မရနိုင်ကြောင်းလည်း ၎င်းကလုံခြုံရေးကောင်စီကိုပြောကြားခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် အဓိကသက်ဆိုင်သူများသည် အကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန်မြှင့်တင်သင့်သည်ဟုလည်း ၎င်းကဆိုသည်။
ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ကာရိုးရှင်းကြောင်းလည်း၎င်းကဆိုသည်။အကျပ်အတည်းစတင်ကတည်းက တရုတ်သည် တွေ့ဆုံဆွေးနွေးရေး၊စေ့စပ်ညှိနှိုင်းရေးနှင့် နိုင်ငံရေးအရအဖြေရှာရန်သာတောင်းဆိုခဲ့သည်ဟုလည်းသူကပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည်ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံလုံးနှင့် အဆက်အသွယ်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အရှိန် မြှင့်တင်ရန် တစိုက်မတ်မတ်လုပ်ဆောင်နေသည်ဟု လည်း၄င်းက ပြောကြားခဲ့သည်။
Source : ရှင်းဟွာ