မိုးအလွန်အကျွံ ရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါးမွေးမြူရေးကန်များအနေဖြင့် ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။
နိုင်ငံတော် စားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံအနှံ့အပြား၌ ငါးမွေးမြူရေးကန်များဖြင့် မွေးမြူရေးဆောင်ရွက်နေခြင်းဖြစ်သည်။
ငါမွေးမြူရေးကန်များ၏ ကန်ပေါင်များခိုင်ခံရန်အတွက် ကမ်းပါးနိမ့်သော နေရာတွေမှာ သဲအိတ်များဖို့ထားပြီး ကန် ပေါင်ခိုင်ခံအောင်ပြုလုပ်ရန်၊ သိုလှောင်ထားသော ငါးအစာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ရေလွတ်သောနေရာသို့ ရွေ့ပြောင်းထားရန်အပါအဝင် အချက် (၁၀) ချက်ကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်အကူညီတောင်းခံကြရန်လည်း အသိပေးထားသည်။