၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁ ဒသမ ၇၉ ဘီလီယံကျော်၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၅၉၂၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် မြန်မာနိုင်ငံအစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နှင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာထိ အမှု (၃၀,၄၂၀) ရှိခဲ့ပြီး တရားခံ (ကျား၊မ) စုစုပေါင်း ၄၂,၇၅၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း သိရသည်။ ယင်းမှ မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၅၅၇၀ ဒသမ ၇ ဘီလီယံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုပြင် မူးယစ်ဆေးဝါးမှုများနှင့် ဆက်နွယ်၍ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းမှု၌ စုစုပေါင်းတန်ဖိုးငွေ ကျပ်(၁၃,၀၄၄) သန်းကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အာဆီယံနိုင်ငံများ၊ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၊ ဩစတြးလျရဲတပ်ဖွဲ့၊ အမေရိန်ကန်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအုပ်ချုပ်မှုအဖွဲ့ DEA ၊ တရုတ်နိုင်ငံအမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
