ငလျင်သင့်ဒေသရှိ သံဃာတော်များနှင့် ပြည်သူများအတွက် တာချီလိတ်မြို့ သံဃာတော်များက ကျပ်သိန်း (၁,၀၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအတွက် တာချီလိတ်မြို့နယ် သံဃနာယကအဖွဲ့နှင့် ရပ်ကျေးသံဃနာယကအဖွဲ့ ဆရာတော်များ ဦးဆောင်၍ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များနှင့် တပည့်ဒါယကာ/ဒါယိကာမများက စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လှူဒါန်းမည့် ကျပ်သိန်း (၁,၀၀၀) ပေးအပ်ပွဲကို ယမန်နေ့က တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် အလှူငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
