မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံ၏ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့်ပတ်သက်၍ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲအား ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားအား နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင်ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
နစက ဥက္ကဋ္ဌမှ ယနေ့ကျင်းပသောဖိုရမ်သည် ငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြန်မာ့စီးပွားရေးကို မည်သို့ပြန်လည်ကုစားမလဲ၊ မည်သို့ပြန်လည်ထူထောင်ကြမလဲ၊ ထိုသို့ပြန်လည်ကုစား၊ ပြန်လည်ထူထောင်မှုများမှ မည်သို့အခွင့်အလမ်းများရှိလာနိုင်မည်လဲဆိုသည်ကို လူမှုစီးပွားအမြင်ရှုထောင့်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာပညာရှင်များ၏ သုံး သပ်မှုများ၊ လက်တွေ့ထိခိုက်ခံစားခဲ့ရသော စီးပွား ရေးနယ်ပယ်အသီးသီးမှ အကြံပြုချက်များကို စုစည်းဆွေးနွေးတင်ပြသွားကြမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်တွင်း/ပြည်ပမှပညာရှင်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက”မန္တလေးငလျင်ကြီး ၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ”ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။