ငလျင်ဘေးသင့်ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယင်လုံအိမ်သာ လိုအပ်ချက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုအခက်အခဲကြောင့် ဒေသခံများအတွက် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ပြောသည်။
ငလျင်ကြောင့် အိမ်ပျ-က်စီးရာတွင် ယင်လုံအိမ်သာများပါ ပျ-က်စီးသွားခြင်းကြောင့် လက်ရှိ၌ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူများက ယင်လုံအိမ်သာများကို ယာယီဆောက်လုပ်ပေးနေကြဆဲဖြစ်သည်။
သို့သော် ငလျင်ဘေးသင့်ပြည်သူ များပြားနေသည့်အတွက် လုံလောက်မှုမရှိသေးကာ မိုးတွင်းမတိုင်မီ တည်ဆောက်နိုင်ရန် အင်းလေးဒေသခံများက ကြိုးစားနေကြသည်။
“အလုပ်သမားကလည်း ရှားနေတယ်။ အလူပ်သမားခေါ်မရတာကလည်း တဒုက္ခဖြစ်နေတာ၊အိမ်ဆောက်ပစ္စည်းတချို့ လိုအပ်မှုအများကြီးရှိနေသေးတယ်” ဟု ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးကလည်း ဆိုထားသည်။
ပြီးခဲ့သည့် မတ် (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် အင်းလေးဒေသရှိ ရွာပေါင်း (၂၈)ရွာတွင် ထိခို-က်ပျ-က်စီးမှုများ ရှိခဲ့ပြီး ဒေသခံ (၂၀၀)ကျော် ေ-သဆုံးခဲ့ရသည်။
