ရန်ကုန်တွင် ငလျင်ဘေးရှောင်သူများလာခြင်းကြောင့် နေအိမ်ငှားရမ်းခ၊ အဆောင်ငှားရမ်းခများ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
ထို့ပြင် တိုက်ခန်းထက် လုံးချင်းအိမ်များကို အငှားပိုများနေပြီး အများစုမှာ ဒဂုံမြို့သစ်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်များ၌ အငှားများလာကြပြီး ငှားရမ်းခအနေဖြင့် (၂၀)ရာခိုင် နှုန်းမြင့်တက်လာကြောင်း သိရသည်။
” အထပ်မြင့်တိုက်တွေက သိပ်မငှားကြဘူး။ လုံးချင်းအိမ်ငှားကြတာများတယ်။ ငလျင်ရှောင်သူတွေရော၊ စစ်ရှောင်တွေရောဆိုတော့ ပွဲစားတွေ အကြိုက်ဖြစ်ကုန်တာပေါ့။” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတ စ်ဦးက ပြောသည်။
မြို့နယ်အချို့တွင်လည်း တိုက်ခန်းငှားနေသည့် သူများကို ငှားရမ်းခ (၅)သောင်းမှ သိန်းကျော်အထိ တိုးတောင်းလာမှုများရှိနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ် (၂၈) ရက်တွင် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် အသက်ရဆုံးရှုံးသူထောင်ချီရှိခဲ့သည့်အပြင် နေအိမ်ပေါင်းများစွာ ပြိုကျပျက်စီးခဲ့ရကာ ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူအချို့သည် ပြင်ဦးလွင် ၊ ရန်ကုန် အစရှိသည့် ငလျင်ဘေးလွတ်မည်ယူဆရသည့် ဒေသများသို့ တိမ်းရှောင် နေထိုင်လျက်ရှိကြောင်းလည်း စုံစမ်းသိရသည်။
