ငလျင်ဘေးကျရောက်ခဲ့သည့်ဒေသများရှိ အာမခံအလုပ်သမားများ သဘာဝဘေးအန္တာရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံမှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန် ယနေ့ ဩဂုတ်(၆)ရက်နေ့တွင် အသိပေးကြေညာထားသည်။
ငလျင်ဘေးခံစားခဲ့ရသည့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း ငလျင်ဘေးကျရောက်သည့် ဒေသများရှိ အာမခံအလုပ်သမားများကို မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသည်။
ထိုကြောင့် အာမခံအလုပ်သမားများအနေဖြင့် စက်တင်ဘာ(၆)ရက်နေ့နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများ သို့ ပေးပို့လျှောက်ထားကြရန်လည်း အသိပေးထားသည်။
