မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သည့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှ အလုံးစုံပြိုကျပျ-က်စီးခဲ့သော နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပြိုကျပျ-က်စီးခဲ့သော နေအိမ်များ၏ ပြန်လည်ပြုပြင်မှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများကို စက်တင်ဘာ ၉ ရက်ညနေပိုင်းက ပေးအပ်ခဲ့သည်။
ကလောမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ အလုံးစုံပြိုကျပျ-က်စီးခဲ့သည့် ဝါးထရံကာနေအိမ်တစ်လုံးအတွက် ငွေကျပ်သိန်း(၂၀)၊ တစ်စိတ်တစ်ပိုင်းပျ-က်စီးနေအိမ်တစ်လုံးလျှင်(၆ ဒသမ ၆၆၆)သိန်းကျပ်ဖြင့် နေအိမ်(၇)ခုနစ်လုံး၊ တစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးလျှင်(၃၃ ဒသမ ၃၃၇)သိန်းနှင့် နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးလျှင် သိန်း(၆၀)နှုန်းဖြင့် နေအိမ်နှစ်လုံးတို့အတွက် ထောက်ပံ့ငွေကျပ်(၂၁၉ ဒသမ ၉၉၉) သိန်းကို တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ငလျင်ဒ-ဏ်သင့် ကလောမြို့နယ်မှပျ-က်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေများပေး
