မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ဆွေး နွေးခဲ့ကြသည်။
ဝန်ကြီးဦးတင်ဦးလွင်နှင့် နီပေါနိုင်ငံသံအမတ်ကြီးတို့သည် ဇွန် ၂၆ ရက်နံနက် ၁၁ နာရီက နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သော ရှေးဟောင်းဘုရား၊ စေတီပုထိုးများကို မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် နီပေါနိုင်ငံအစိုးရမှပြုပြင်မွမ်းမံလှူဒါန်းလိုခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။