မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးသွားသည့် အဆောက်အဦးများအား မြန်မာ့အာမခံမှ လျော်ကြေးငွေကျပ်(၂)ဘီလီယံကျော် ပေးလျော်ပြီးဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် ငလျင်ကြောင့် ပျ-က်စီးဆုံး ရှုံးခဲ့မှုများအတွက် လျော်ကြေးငွေပေးအပ်ရာတွင် ရန်ကုန်တွင် (၁) စောင်၊ မန္တလေးတွင် (၁၂) စောင်၊ စစ်ကိုင်းတွင် (၈) စောင်၊ နေပြည်တော်တွင် (၁) စောင် စုစုပေါင်း ငွေကျပ် (၂.၀၉၄) ဘီလီယံပေးလျော်ထားပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ့အာမခံလုပ်ငန်းတွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံး ရှုံးမှုအတွက် အာမခံထားသည့် အစောင်ရေ (၄၆၆) စောင် ငွေကျပ် (၂၈၆.၁၅၆) ဘီလီယံရှိပြီး ပေးလျော်ရမည့် ခန့်မှန်းငွေတန်ဖိုးမှာ ငွေကျပ် (၁၈၇,၃၃၇) ဘီလီယံရှိကြောင်း သိရသည်။
မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခို-က်သူများကို ငလျင်အာမခံ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာမခံအသင်းမှ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ပျ-က်စီးဆုံးရှုံးမှုများအတွက် ငလျင်အန္တရာယ် အာမခံထားသူများအား ယင်းတို့ရယူထားသည့် ငလျင်အန္တရာယ်အာမခံနှင့် လျော်ညီသည့် လျော်ကြေးများကို အမြန်ဆောင်ရွက်နိုင်ရန် “မြန်မာနိုင်ငံအာမခံအသင်း” ၏ အသင်းဝင် အာမခံကုမ္ပဏီများက ကြိုးပမ်းလျက်ရှိကြောင်းကိုလည်း အသိပေးထားသည်။