မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ ပျ-က်စီးခဲ့သည့်အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရသည်။
မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦးများ (၆၀) ရာခိုင်နှုန်း ပျ-က်စီးခဲ့သည့်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။
အင်းဝမြို့ဟောင်းတွင် ရှေးဟောင်းအဆောက်အဦးပေါင်း (၉၆၁)ခုရှိသည့်အနက် ငလျင်ကြောင့် (၆၀၀) ဝန်းကျင်ခန့်ပျ-က်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦးများလည်း ပြိုကျပျ-က်စီးသွားခဲ့ကြောင်း သိရသည်။
ယခုအခါ မူလအလှူရှင်များကို ကနဦးဆက်သွယ်ထားပြီး ၎င်းတို့မလှူနိုင်ပါက နောက်အလှူရှင်ကို ဆက်သွယ်မည်ဖြစ်ကာ ယင်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်းလည်း သိရသည်။
အင်းဝမြို့ဟောင်း၏ ရှေးဟောင်းနယ်မြေ ဧရိယာမှာ (၇) စ တုရန်းမိုင်ကျယ်ဝန်းပြီး အင်းဝခေတ် လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀) ခန့်က တည်ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်သည်။