ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(နေပြည်တော်-ရန်ကုန်အပိုင်း)ရှိ ငလျင်ကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် ပျက်ဆီးသွားသည့် ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၆၅/၁ – ၁၆၅/၃) ကြားရှိ ဆွာချောင်းတံတား(အပြန်)တည်ဆောက်ရေး ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၈၆/၃ မှ ၁၈၇ /၀ အတွင်း ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရူခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၅/၁ မှ ၁၄၅ /၄ ရှိ ခပေါင်းတံတား အသွားလမ်း ရန်ကုန်ဘက်ကမ်းချဉ်းကပ်လမ်းတွင် Cement Grout မှုတ်သွင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး ၁၁၅မိုင်(ဖြူး)တိုးလ်ဂိတ်သို့ရောက်ရှိရာ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
