အင်အားပြင်း မန္တလေးငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလေ-ာင်ပျ-က်ဆီးခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီး (၃)ခုမှ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၅,၉၂၂) ဦး နှင့် အနီးကပ်သင်ကြားပေးသည့် ဆရာ/ဆရာမ (၆,၇၂၉) ဦးအတွက် စုစုပေါင်း ငွေကျပ်ဘီလီယံ (၂၀) ထောက်ပံ့ပေးထားကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ဇွန်လ (၆) ရက်က ကျင်းပသည် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာကော်မတီအစည်းဝေးမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ ၊ ဆရာမများ Camp အတွင်း နေထိုင်စားသောက်စရိတ်များ စာရေးကိရိယာ ဖြည့်ဆည်ပေးမှု စရိတ်များ၊ အဝေးမှ ပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချပေးသည့် ဆရာ/ဆရာမကြီးများ၏ ခရီးစရိတ် တည်းခိုနေထိုင်းရေး ကိစ္စရပ်များတွင် အသုံးပြုရန် စုစုပေါင်းကျပ်ငွေဘီလီယံ (၂၀)ကို ယခုလတွင် နိုင်ငံတော်က ထောက်ပံခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံမှုတွင် ခရီးစရိတ်၊ စားစရိတ်၊ နေ့တွက်စရိတ်၊ စာရေးကရိယာနှင့် ကျောင်းဝတ်စုံများ ပါဝင်ကြောင်းလည်း သိရသည်။