Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesငယ်ငယ်ကတီးတဲ့ ဗုံငယ်လေးတွေ...

ငယ်ငယ်ကတီးတဲ့ ဗုံငယ်လေးတွေ…

တစ်နေ့ကတော့ ခပ်လွမ်းလွမ်း ရှိတာနဲ့ ငယ်ငယ်တုန်းက ကျင် လည်ပျော်ပါးခဲ့တဲ့ နေရပ်ဟောင်း ကလေးဆီ အလွမ်းပြေရောက်သွား ခဲ့ပါရဲ့။

လွမ်းရတဲ့အကြောင်းက ဒီလို။ ကျွန်တော်တို့ မန္တလေးမြို့က ရပ် ကွက်အချို့မှာ မိသားစုလုပ်ငန်း၊ ရပ် ကွက်လုပ်ငန်း ဖော်ပြတဲ့ ရပ်ကွက် တော်တော်များများ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ခုနှယ်ခါမှာတော့ ‘ရပ်ကွက် လုပ်ငန်း’ ဖော်ပြတဲ့ ရပ်ကွက်လေး တချို့ မန္တလေးမြေပုံပေါ်ကနေ ပျောက်သွားကြတာကို သတိပြုမိ တယ်ဆိုပါစို့။ ဥပမာ ‘ခဝါန’။ တစ်ရပ် ကွက်လုံး ခဝါလုပ်ငန်းလုပ်။ ပွတ် တန်းတစ်ရပ်ကွက်လုံး ပွတ်လုံး ပွတ်ဆံလုပ်၊ ခုံဖိနပ်ချောင် တစ်ရပ် ကွက်လုံး ခုံဖိနပ်ခုတ်၊ ဆီသည်ချော တစ်ရပ်ကွက်လုံး ပုံးကြီးပုံးငယ်တွေ နဲ့ ဆီထမ်းရောင်းကြ။ ပြီးတော့ ကျွန်တော်ငယ်ဘဝ မြှုပ်နှံရာ အိုး စည်တန်း။ ဒီအိုးစည်တန်းမှာလည်း တစ်ရပ်ကွက်လုံး အိုးစည်လုပ်ရောင်း ကြ။ အိုးစည်လုပ်ကြတဲ့နေရာမှာ ဆိုင်းတွေဘာတွေသုံးတဲ့ အိုးစည်ကြီး တွေ လုပ်တာနည်းပြီး ‘ကလေးကစား စရာ အိုးစည်ငယ်’တွေ လုပ်ကြတာ များတယ်။ အခုဘုရားကြီး အရှေ့ စောင်းတန်းနှင့် အပြိုင်စောင်းတန်း ရဲ့ မြောက်ဘက်မှာ သစ်သားဆိုင်ခန်း ရှည်ကြီးတစ်ခုရှိတယ်။ အဲဒီဆိုင်ခန်း တွေ အားလုံးဟာ အိုးစည်ရောင်းကြ တဲ့ ဆိုင်ခန်းတွေချည်းပါပဲ။ ဘုရား ကြီး စောင်းတန်းလေးသွယ်မှာ မူရင်း စောင်းတန်းနဲ့ အပြိုင် ဆိုင်ခန်းရှည် တွဲဆိုလို့ အရှေ့စောင်းတန်းမှာပဲ ရှိပါ တယ်။
ဆိုင်ခန်းရှည်ကြီးရဲ့ ဆိုင်တိုင်း ဆိုင်တိုင်းရှေ့မှာ အိုးစည်နီနီကလေး တွေ တန်းလန်းချိတ်လို့။ ဒီလို ပြန် တွေးမိတဲ့အခါ ကျွန်တော်ဖြင့် ငယ်ငယ်က တီးတဲ့ဗုံကလေးတွေ သတိရမိတယ်။

ကျွန်တော်တို့ငယ်ငယ်က အိုး စည်တန်းကို အမြဲသွားရတယ်။ ကျွန် တော်ရယ်၊ အမေရယ်ပေါ့။ ကျွန် တော်တို့ သားအမိနဲ့အတူ အိုးစည် အနီလေးတွေ အများကြီးပါလာ တယ်။ အိုးစည်တန်းက အိုးစည် အရောင်းဆိုင်တွေကို သွင်းဖို့ပါ။ သားအမိနှစ်ယောက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အိုးစည်အနီလေးတွေ လိုက်စပ်ကြပါတယ်။ အိုးစည်လုပ် ရောင်းတဲ့သူတွေထဲမှာ ‘ကလေးအိုး စည်’ လုပ်သူနည်းပါးတာမို့ ကျွန်တော့် အိုးစည် ရောင်းရတာချည်းပါပဲ။

ကလေးအိုးစည်လုပ်ငန်းက မိသားစုလုပ်ငန်းပါ။ အသားသတ် ရုံသွားပြီး နွားသား ရေဝယ်တယ်။ ကျွန်တော့်အစ်ကို ကြီးက အိုးစည် ထွင်းတယ်။ ဗုံကြက်တယ်။ ကျွန် တော်ကတောက်တိုမည်ရကူရတယ်။ ခွေးမောင်းပေးရတယ်။ အဲပြောရဦး မယ်။ ကျွန်တော်က အိုးစည်လုပ်ငန်း မှာ ဘာမှသာ အသုံးမကျတာ အခွင့် အရေးကို ပိုယူချင်တယ်။ ပြီးတော့ လုပ်ကျွေးနေတဲ့ အစ်ကိုကြီးနဲ့လည်း မတည့်ဘူး။ ညီအစ်ကို တကျက် ကျက်နဲ့။ ကျွန်တော်က စကားကို အကတ်ပြောတဲ့နေရာမှာ နှစ် ယောက်မရှိဘူး။

တစ်နေ့မှာ ကျွန်တော့်အမေကို ‘အမဲသားနှပ်’နဲ့ ထမင်းစားချင် ကြောင်း ပြောတယ်။ အမေက ခါးခါး သီးသီးငြင်းတယ်။

”ဗုံကြက်သူတစ်သက်လုံး အမဲ သားမစားရဘူး မှတ်ထား”

ကျွန်တော်က ကလေးပေမယ့် ပါးရည်နပ်ရည်ရှိသူမို့ အမေပြောတာ လက်ခံပါတယ်။ ဟုတ်တယ်လေ။ ဗုံ ဆိုတာ နွားသားရေနဲ့ လုပ်ရတဲ့အပြင် ဗုံကြက်တဲ့ ကြိုးကလည်း နွားသားရေ နဲ့ လုပ်ရတာမို့ အမဲသား မစားသင့် ဘူးဆိုတာ ကျွန်တော်လက်ခံပါတယ်။

ဒါပေမဲ့ ကျွန်တော်က အစ်ကို ကြီးနဲ့မတည့်ဘူး။ အချိန်တိုင်း၊ အချိန် တိုင်း အစ်ကိုကြီးကို ချောက်တွန်းဖို့ အမြဲချောင်းနေမိတယ်ခင်ဗျ။ အဲ တစ်ရက်ကျ ချောက်တွန်းဖို့အကွက် တွေ့ပါလေရော။ အိမ်ရှေ့က ဗုံလုပ် တဲ့ တဲကလေးထဲမှာ အစ်ကိုကြီး သူကြက်ပြီးစ ဗုံလေးကို တို့ တို့ပြီး အသံစမ်းနေပါတယ်။ အမှန်တော့ တို့တယ်ဆိုတာ တီးတာပဲလေ။ အဲဒီ အချိန်မှာ တဲအနားကို နွားတစ် ကောင် ရောက်လာတယ်။ နွားက အနီးအနားရှိ သစ်ပင်ကို ဝင်စားနေ တာပါ။ ကျွန်တော်မြင်နေတာကတော့ အစ်ကိုကြီး ‘နွားရှေ့ဗုံတီး’နေတာပါ။ ဒါနည်းနည်းနောနောအပြစ်မဟုတ် ဘူး။ ဗုံကြက်သူတစ်ယောက် အနေနဲ့ ဒီလို မရိုင်းစိုင်းသင့်ဘူး။ ဒါ ကျေးဇူး ရှင်ကို မခန့်လေးစားလုပ်တာ။ ကျေး ဇူးရှင်ကိုတောင် ပြောင်လှောင်တာ။

သရော် တာ . . . သရော်တာ

”ဒီကိစ္စ အမေနဲ့ တိုင်ပြော မယ်”

တိုင်လည်း တိုင်လိုက်တယ်။ အမေက ပြောတယ်။

”ညကျရင် ငါ့သားလေးကို ဆိတ်သားဆီပြန် ချက်ကြွေးမယ်” တဲ့။

ကိုငြိမ်း (မန္တလေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071