Tuesday, June 3, 2025

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌...

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁)...

ကော့သောင်းမြို့၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် နယ်စပ်ဝင်/ထွက်ဂိတ်အဆောက်အဦးအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက်ဂိတ်အဆောက်အဦးသစ်အား ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုမှ...
HomeNewsLocal Newsဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆

သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ ဂွမ်းဒွမ် တွင် ကုန်းတွင်းဆိပ်ကမ်း တစ်ခုတည်ဆောက်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးနေ့က စစ်တ‌ကောင်း ဆိပ်ကမ်းမှာ နိုင်ငံတကာမှတင်သွင်းသောယာဉ်များနှင့် အကောက်ခွန် လေလံတင်ရောင်းချမှုကို စစ်ဆေးပြီးနောက် ရခိုင်ပြည်နယ်၌ ပြောင်းလဲနေ‌သော အခြေအနေရှိ‌သော်လည်းရခိုင်ပြည်နယ်နှင့် ချိတ်ဆက် ဆက်သွယ်မှုကို ထိန်းသိမ်းထားခြင်းက ဘင်္ဂလားဒေ့ရှ်အတွက် ဦးစားပေးဖြစ်သည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်ရဲ့ အရေးပါမှုကို ထည့်သွင်းစဉ်းစားပြီး တက်နပ်ဖ် မှာရှိတဲ့ ဂွမ်းဒွမ် မှာ ကုန်းတွင်းဆိပ်ကမ်းတစ်ခု ထူထောင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ ဒါ့အပြင် တက်နပ်ဖ် ကို ရေတပ်ဆိပ်ကမ်းအဖြစ် ပြောင်းလဲနိုင်မလားဆိုတာလည်း အကဲဖြတ်စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်တ‌ကောင်း ဆိပ်ကမ်းရှိ ကာလရှည်ကြာစွာ ရပ်နားထားသော ကုန်ပစ္စည်းများကို လေလံတင်ရောင်းချမှု လုပ်ငန်းကို အရှိန်မြှင့်ရန် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိုးရက ဆိပ်ကမ်းအများအပြား၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နေပြီး အချို့ဆိပ်ကမ်းများမှာ ဝင်ငွေမရရှိသည်ကို တွေ့ရှိရသည်။

“အကျိုးအမြတ်မရှိတဲ့ ဆိပ်ကမ်းတွေကို ပိတ်ပစ်ဖို့ ဖြစ်နိုင်လားဆိုတာကို ကျွန်တော်တို့ နည်းလမ်းရှာနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း မျိုးချစ်အလုပ်သမားပါတီအဖွဲ့ဝင်များ အပါအဝင် ဆိပ်ကမ်းလုပ်သားများက New Mooring ကွန်တိန်နာဆိပ်ကမ်း နှင့် Patenga ကွန်တိန်ဆိပ်ကမ်း တို့ကို ပုဂ္ဂလိကပိုင်အဖြစ် အဆိုပြုခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ တုံ့ပြန်မှုအနေဖြင့် သင်္ဘော လုပ်ငန်း အကြံပေးက နိုင်ငံ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် မည်သည့်သဘောတူညီချက်မျိုးမှ ပြုလုပ်မည်မဟုတ်ကြောင်း အာမခံပါသည်ဟု ပြောကြားထားပါသည်။

ယနေ့အစောပိုင်းတွင် သင်္ဘောလုပ်ငန်း အကြံပေးသည် လေလံတင်ရောင်းချနိုင်သော မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများကို စစ်ဆေးရန် စစ်တ‌ကောင်း ဆိပ်ကမ်း၏ နိုင်ငံတကာမှ တင်သွင်းသော ယာဉ်များထားသော ကားရုံ နှင့် သက်တမ်းလွန် ကုန်ပစ္စည်းများလေလံတင်ရောင်းချမှုနေရာ အကောက်ခွန် လေလံ ဂိုဒေါင် သို့ သွားရောက်ခဲ့သည်။

ဆိပ်ကမ်းနေရာလွတ်များ နှင့် လုပ်ငန်းလည်ပတ်မှု ပိုမိုကောင်းမွန်စေရန် လေလံတင်နိုင်သောပစ္စည်းများကို ချက်ခြင်းဖယ်ရှားရန် အာဏာပိုင်များကို ညွှန်ကြားခဲ့သည်။

Ref: ဒါကာ ထရီဗြွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇွန် ၁ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်း ဝင်များက ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များ ၌နေထိုင်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား(အ နောက်လယ်ကုန်း-ကြက်ပေါင်ခြံအစပ်)နှင့် ကျွန်း ပင်သာစက်လှေဆိပ်တို့တွင် ရေဘေးရှာဖွေကယ် ဆယ်ရေးစုရပ်အဖြစ်ထားကာ...

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဥ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတို့ကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထူးဒေသ(၄)မိုင်းလားမြို့ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့၌ ယနေ့ ဇွန်(၂)ရက်တွင် အခြေခံပညာကျောင်းများအားလုံးစတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးမူဝါဒအတိုင်းဆောင်ရွက်နေခြင်းဖြစ်ကာ မေလ (၂၃)ရက်မှ မေ(၃၁) ရက်အထိကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွင်း ယခင်နှစ်ထက် သင်ကြားရေးပိုင်းများ တိုးတက်လာအောင်ပြင်ဆင်၍ ထူးချွန်သည့် လူရည်ချွန်များမွေးထုတ်ပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။ ယခုစာသင်နှစ်အတွက် မေ(၃၁)ရက်က ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အထူးဒေသ(၄) သက် ဆိုင် ရာဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာဆရာမများတက်ရောက်ခဲ့ကြသည်။ မိုင်းလားမြို့ အခြေခံပညာကျောင်းများရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071