တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် China Mobile ကုမ္ပဏီကို ဂြိုဟ်တု မိုဘိုင်းဖုန်း ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လိုင်စင် ပေးအပ်လိုက်ကြောင်း ယမန်နေ့(တနင်္လာနေ့)က ထုတ်ပြန်ကြေညာခဲ့သည်။
အဓိက မိုဘိုင်းဖုန်း ဝန်ဆောင်မှု ကုမ္ပဏီ သုံးခုဖြစ်သော China Mobile၊ China Telecom နှင့် China Unicom တို့သည် ယခုအခါ အရေးပေါ်အခြေအနေများ၊ ရေကြောင်းသွားလာမှုများနှင့် အစွန်အဖျားဒေသများအတွက် ဂြိုဟ်တုမှ ဖုန်းသို့ တို-က်ရို-က်ချိတ်ဆက်နိုင်သော ဝန်ဆောင်မှုပေးရန် လိုင်စင်ရရှိထားပြီး ဖြစ်သည်။
