Thursday, May 15, 2025

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ...

အာဆီယံဆက်ဆံရေး မြှင့်တင်ရန် ပေတုံတန် ဗီယက်နမ်သွားမည်

အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တည်‌ဆောက်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မေလ ၁၅ ရက် နေ့မှ မေလ...
HomeInternationalဂျေဒီ နှင့် မိုဒီ...

ဂျေဒီ နှင့် မိုဒီ အခွန်ကိစ္စ တွေ့ဆုံဆွေးနွေး

အမေရိကန်ဒုတိယ သမ္မတ ဂျေဒီဗန့်စ်သည် တနင်္လာနေ့က နူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် ကုန်သွယ်ရေးရာများကို ဆွေးနွေးခဲ့ကြသည်။ တောင်အာရှနိုင်ငံသည် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ထပ်တိုးအခွန်ကောက်ခံမှုများမှ ကင်းလွတ်ခွင့်ရရေးအတွက် ဝါရှင်တန်နှင့် သဘောတူညီချက် တစ်ရပ်ကို အလျင်အမြန်ရယူနိုင်ရေး ကြိုးပမ်းနေခဲ့သည်။

ဆွေးနွေးမှုများသည် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် သိသာထင်ရှားသော တိုးတက်မှုများ ကိုရစေခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပြီး နှစ်ဖက်စလုံးသည် အကောက်ခွန် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသော သဘောတူညီချက်တစ်ရပ်အတွက် အစီအစဉ်တစ်ခုကို အပြီးသတ် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် ကာကွယ်ရေး၊ အရေးကြီးသည့် နည်းပညာများနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီးနောက် တွေ့ဆုံဆွေးနွေးမှု၊ သံတမန်နည်းလမ်းတို့ဖြင့် ရှေ့ဆက်သွားရန် တောင်းဆိုခဲ့ကြသည်။

ယခုအချိန်အထိ အိန္ဒိယ၏ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုကို ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံလုံးရှိ အလုပ်သမား၊ လယ်သမားများနှင့် စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် မျှော်လင့်ထားကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုနှစ်ကုန်ပိုင်းတွင် ထရမ့်ပ် ကိုယ်တိုင် အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်ရန် မျှော်လင့်ထားကြောင်းကိုလည်း မိုဒီက ဖေဖော်ဝါရီလက သူ၏ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတကို ဖိတ်ကြားခဲ့ခြင်းကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

Ref: သည်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ (၁၄)ရက် နံနက်ပိုင်းတွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀ ဘီလျံဖိုး သဘောတူညီချက် ရရှိ–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ ဆော်ဒီအာရေဗျက အမေရိကတွင် ဒေါ်လာ ၆၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ အဆိုအရ ဝါရှင်တန်၏ အကြီးဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွင် အမေရိကသည် ဆော်ဒီသို့ ဒေါ်လာ ၁၄၂ ဘီလျံနီးပါး တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမည်ဟု ဆိုသည်။ ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ အဆုံးသတ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071