Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeInternationalဂျေဂျူးလေယာဉ်ဘလက်ဘောက်စ်ကို အမေရိကသို့ ပို့ဆောင်စစ်ဆေးမည်

ဂျေဂျူးလေယာဉ်ဘလက်ဘောက်စ်ကို အမေရိကသို့ ပို့ဆောင်စစ်ဆေးမည်

လူ ၁၇၉ ဦး‌ေ-သဆုံးခဲ့ရသည့် နိုင်ငံ၏ အဆိုးဝါးဆုံးလေကြောင်းမတော်တဆမှုဖြစ်သော ဂျေဂျူးလေယာဉ်ပျ-က်ကျမှုကို စုံစမ်းစစ်ဆေးနေသူများက ၎င်းတို့အနေဖြင့် ပြန်လည်ရယူထားသည့် လေယာဉ်၏ ဘလက်ဘောက်စ်နှစ်ခုအနက် တစ်ခုကို အမေရိကသို့ ပို့ဆောင်စစ်ဆေးသွားမည်ဟု ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့သည်။

လူ ၁၈၁ ဦးဖြင့် ထိုင်းနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံကို ပျံသန်းခဲ့သော လေယာဉ်သည် ဘေးဒုက္ခကြုံနေကြောင်း ဆက်သွယ်အသိပေးခဲ့ပြီး ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရာတွင် ပြေးလမ်းကိုကျော်သွားကာ အတားအဆီးတံတိုင်းတစ်ခုနှင့် တိုက်မိပြီး ပေါက်ကွဲမီးလောင်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လေယာဉ်အမှုထမ်းနှစ်ဦးမှအပ လေယာဉ်ပေါ်ပါသူအားလုံး ‌ေ-သဆုံးခဲ့ရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံ၏ အနောက်တောင်ပိုင်း Muan မြို့လေဆိပ်တွင် ယင်းအဖြစ်ဆိုးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘိုးရင်းကုမ္ပဏီမှ အပါအဝင် တောင်ကိုရီးယားနှင့် အမေရိကန်စုံစမ်းစစ်ဆေးသူများသည် အခင်းဖြစ်နေရာတွင် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေမှုများလုပ်ခဲ့သည်။

“လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) က ပျက်စီးခဲ့တာမို့ ပြည်တွင်းမှာတော့ ဒေတာထုတ်ယူလို့ မရလောက်ဘူးလို့ ယူဆထားပါတယ်” ဟု တောင်ကိုရီးယား မြို့ပြလေကြောင်းပျံသန်းမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျိုဂျွန်ဝမ်က ပြောဆိုသည်။

ဘလက်ဘောက်ကို အမေရိကသို့ ပို့ဆောင်၍ စစ်ဆေးဖော်ထုတ်မှုလုပ်ဆောင်ရန် အမေရိကန် နိုင်ငံသယ်ယူပို့ဆောင်မှုဘေးကင်းရေးဘုတ်အဖွဲ့နှင့် ယနေ့တွင် သဘောတူညီမှုရခဲ့သည်ဟု သူက ပြောဆိုခဲ့သည်။

လေယာဉ်၏ ဘလက်ဘောက်စ်နှစ်ခုလုံးကို ပြန်လည်ရယူထားနိုင်ကြောင်းနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာအတွက် ကနဦးဒေတာထုတ်ယူမှု ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း မစ္စတာ ဂျိုးက အစောပိုင်းတွင် ပြောကြားထားသည်။

သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆) ရွာ ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ယမန်နေ့အထိ စာရင်းများအရ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ်မှ ၂၆ ရွာ၊ ရေကြည်မြို့နယ်မှ ၆ ရွာနှင့် ကျုံပျော်မြို့နယ်မှ ၂ ရွာ၊ စုစုပေါင်း...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စန၀်တွင် ဆန်စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထား

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်ကို စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျ မှတ်ပုံတင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ သိုလှောင်ရုံအကျယ်အဝန်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။     “ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အပူလွန်ကဲမှုဟာ နေ့စဉ်နဲ့အမျှ ဆက် တိုက်ဖြစ်နေပါတယ်။ တစ်ချိန်က နိုင်ငံခြားသတင်းတွေမှာသာ မြင်တွေ့ခဲ့ရတဲ့ အပူလှိုင်းအခြေအနေတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် လက်တွေ့မျက်မြင်ဖြစ်လာပါပြီ” ဟု ကြာသပတေးနေ့က ပြုလုပ်သော အပူလှိုင်းတုန့်ပြန်ဆောင်ရွက်ရေး အစည်းအဝေးတွင် သမ္မတ လီက ပြောကြားခဲ့သည်။        အပူလှိုင်းလျော့ကျသွားချိန်အထိ ရရှိနိုင်သမျှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071