ယခုနှစ်တွင်ဖြေဆိုမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ကိုပိ-တ်သွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီက သိရသည်။
လက်ကိုင်ဖုန်းများအပါအဝင် အခြားသောဓာတ်ပုံရို-က်ကူးနိုင်သည့်ဆက်သွယ်ရေးလုပ်ငန်းများပါဝင်သည့် ကိရိယာများကို စာမေးပွဲချိန် ကနေ စာမေးပွဲပြီးဆုံးသည်အထိ သုံးခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
လက်ကိုင်ဖုန်း အသုံးပြုသည့် စာမေးပွဲဖြေဆိုသူများကို မသမာသူ အဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီး တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားသည့်အတွက်ကြောင့် ယခုနှစ်က စတင်ပြီး ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မဖြစ်မနေလက်ကိုင်ဖုန်းကိုအရေးပေါ်သုံးစွဲရန် လိုအပ်လာပါက အခန်းစောင့်ဆရာ၊ ဆရာမထံ အကြောင်းကြားပြီး၊ စာဖြေဌာနခေါင်းဆောင်၏ ခွင့်ပြုချက်ရရှိမှသာ ရုံးခန်းအတွင်းသွားရောက်အသုံးပြုရမည် ဖြစ်သည်။
ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဖြေဆိုသွားမည်ဖြစ်သည်။
