ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့၌ ယနေ့ဖေဖော်ဝါရီ(၂၄)ရက်တွင် ကျင်းပသည့် BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မြန်မာကိုယ်စားပြု ကစားသမား(၃)ဦးလုံး ရှုံးနိမ့်ခဲ့ကြောင်း မြန်မာဘောက်ဆင်ကော်မရှင်(MBC)၏ အသိပေးချက်အရ သိရသည်။
ပြိုင်ပွဲဝင် ၅၃ ကီလိုတန်းတွင် Saw Lin Aung နှင့် ဂျပန်ဖိုက်တာ RyoMandokoro ၊ ၆၀ ကီလိုတန်းတွင် Gin Sian Muaung နှင့် Young Doo Choi ၊ ၅၂ ကီလိုတန်းတွင် Naw Hpung နှင့် Ryoma Morimoto တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်းဖြစ်သည်။
” MBC ရဲ့ ကစားသမားသုံးယောက်လုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာကစားသမားတွေ အသည်းကောင်းတယ် ဆိုတာကိုတော့ Japan Promoter ရော Commissioner ရောပါ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ MBC ဟာနောက်မဆုတ်သွားပါဘူး။ အကောင်းဆုံးလည်း ကစားသွားကြပါတယ်။ ဂျပန်မြေကို မကြာခင်လည်း ပြင်ဆင်မှု အသစ်တွေနဲ့ ပြန်လာပါ့မယ်။”ဟု အသိပေးထားသည်။
လက်ရှိတွင် MBC အနေဖြင့် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဘောင်ဆင်ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု ကစားသမား (၄)ဦး ထပ်မံစေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။
