အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသူ(၆)ဦးအား OWIC ပြုလုပ်ခွင့်ပြုကြောင်း အသိပေးခဲ့သည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများဖြစ်သည့် Myanmar Unity Co.,Ltd နှင့် Myanmar United SK Co.,Ltd တို့မှတစ်ဆင့် ဂျ ပန်နိုင်ငံရှိ ကုမ္ပဏီ(၂)ခုတွင် အလုပ်လုပ်ကိုင်မည့် မြန်မာအမျိုးသမီး(၆)ဦးအား ဇူလိုင် ၇ ရက်တွင်စတင်တက်ရောက်ရမည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
OWIC ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်အား ထွက်ခွာလိုသည့်ရက်သတ္တတစ်ပတ်အတွင်းဖော်ပြ၍ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ [email protected] သို့ပြန်လည်တင်ပြရမည်ဟုလည်း အသိပေးထားသည်။
