Tuesday, May 26, 2026

ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး...

ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဥပဒေရေးရာ  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး...

ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ...

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင်အသုံးပြုသည့် အ ဆောက်အအုံ(၇၇)လုံးကို စစ်ဆေးဖော်ထုတ်ခဲ့ကြသည်။ ယင်း အဆောက်အအုံ(၇၇)လုံးအားချိတ်ပိတ်၍ ဖြိုချဖျက်ဆီးရန် အဆောက်အဦအမျိုးအစားအလိုက် ပထ မဆင့်ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့်...

OWIC ကတ်နှင့်ပတ်သက်၍ အလုပ်သမား(၉၀၀)ဦးကျော်ကို (၂၂)ရက်အတွင်းဆောင်ရွက်ပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၁ ရက်မှ မေ ၂၂ ရက်အတွင်း အစိုးရ ၏ ရက်(၁၀၀)စီမံကိန်းအဖြစ် OWIC ကတ်နှင့်ပတ်...

အိမ်ဖြူတော်အနီးပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ယခင်ကလည်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့...

အိမ်ဖြူတော်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ဦးကို ထိမှန်စေခဲ့ကာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် သေနတ်သမားသည် ယခင်ကလည်း ထိုနေရာရှိ အာဏာပိုင်များနှင့် ပြဿနာဖြစ်ပွားခဲ့ဖူးကြောင်း...
HomeNewsLocal Newsဂျပန်တွင် ကွာရှင်းထားသော ဇနီးမောင်နှံများကလေးကို...

ဂျပန်တွင် ကွာရှင်းထားသော ဇနီးမောင်နှံများကလေးကို အတူစောင့်ရှောက်ခွင့်ရတော့မည်

ဧပြီလ ၁ ရက်

ဂျပန်နိုင်ငံ၏ တရားမဥပဒေကို အထူးပြင်ဆင်ချက်တစ်ရပ်သည် ဗုဒ္ဓဟူးနေ့တွင် စတင်အသက်ဝင်လာပြီးနောက် ကွာရှင်းထားသော ဇနီးမောင်နှံများသည် ၎င်းတို့၏ ကလေးသူငယ်များကို အတူတကွ စောင့်ရှောက်ခွင့်ရရှိကြတော့မည် ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် လွှတ်တော်က အတည်ပြုခဲ့သော အဆိုပါပြင်ဆင်ချက်မတိုင်မီက ဂျပန်နိုင်ငံသည် G7 နိုင်ငံများအနက် အတူတကွ စောင့်ရှောက်ခွင့် (Joint Custody) ကို ဥပဒေကြောင်းအရ အသိအမှတ်မပြုသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်။

ယခင်က ကလေးစောင့်ရှောက်ခွင့်ကို မိဘတစ်ဦးဦး (အများအားဖြင့် မိခင်) ထံသို့သာ အပ်နှင်းလေ့ရှိပြီး အဆိုပါမိဘသည် ကျန်ရှိသည့် မိဘတစ်ဦးနှင့် ကလေးအား တွေ့ဆုံခွင့်ကို ဖြတ်တောက်နိုင်သည့် လုပ်ပိုင်ခွင့်ရှိခဲ့သည်။ ဤသို့ တစ်ဦးတည်းစောင့်ရှောက်ခွင့်စနစ်ကြောင့် ကွာရှင်းထားသူ အများအပြားသည် ၎င်းတို့၏ ကလေးများနှင့် အဆက်အသွယ်ပြတ်တောက်သွားရသဖြင့် ဂျပန်ပြည်တွင်းနှင့် နိုင်ငံတကာမှ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဥပဒေသစ်အရ မိသားစုတရားရုံးသည် ကွာရှင်းထားသော ဇနီးမောင်နှံများကို တစ်ဦးတည်းစောင့်ရှောက်ခွင့် သို့မဟုတ် အတူတကွစောင့်ရှောက်ခွင့် ပေး၊ မပေးကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ စနစ်ဟောင်းအရ ကွာရှင်းခဲ့သော မိဘများသည်လည်း ယခုအခါ ၎င်းတို့၏ စောင့်ရှောက်ခွင့် အစီအစဉ်များကို ပြန်လည်သုံးသပ်ပေးရန် တရားရုံးသို့ လျှောက်ထားနိုင်ပြီ ဖြစ်သည်။

ထို့ပြင် တရားမ ကိုဓ ပြင်ဆင်ချက်တွင် ကွာရှင်းပြီးနောက် ကလေးသူငယ် ထောက်ပံ့ကြေးပေးဆောင်ရန်ကိုလည်း ထည့်သွင်းသတ်မှတ်ထားပြီး ကလေးနှင့်အတူ နေထိုင်သည့် မိဘသည် အခြားတစ်ဦးထံမှ တစ်လလျှင် ယန်း ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၅ ခန့်) တောင်းခံပိုင်ခွင့် ရှိလာမည် ဖြစ်သည်။

ဤအပြောင်းအလဲများသည် မကြာသေးမီနှစ်များအတွင်း လူပြောများခဲ့သည့် “မိဘကိုယ်တိုင် ကလေးကို ပြန်ပေးဆွဲခြင်း” ဖြစ်စဉ်များကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ၂၀၂၃ ခုနှစ်တွင် ဂျပန်စားပွဲတင်တင်းနစ် အကျော်အမော် အိုင်ဖူကူဟာရသည် သူ၏ ထိုင်ဝမ်လူမျိုး ခင်ပွန်းဟောင်းထံမှ သားဖြစ်သူကို ခိုးယူသွားသည်ဟု စွပ်စွဲခံခဲ့ရပြီး နောက်ပိုင်းတွင် နှစ်ဦးသဘောတူ ညှိနှိုင်းမှုရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်ကာလတွင်လည်း ပြင်သစ်လူမျိုး ဖခင်တစ်ဦးက သူ၏ဇနီးဟောင်းမှ ကလေးများကို ခိုးယူသွားသည်ဟုဆိုကာ အစာငတ်ခံ ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

သို့သော် ဤဥပဒေပြင်ဆင်ချက်ကို စိုးရိမ်မှုများလည်း ရှိနေပြီး အတူတကွ စောင့်ရှောက်ခွင့်သည် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခံရသည့် အမျိုးသမီးများကို ၎င်းတို့၏ ခင်ပွန်းဟောင်းများနှင့် ဆက်သွယ်မှု မဖြစ်မနေ ထိန်းသိမ်းထားရန် ဖိအားပေးသကဲ့သို့ဖြစ်မည်ကို အချို့က စိုးရိမ်လျက်ရှိပေသည်။ သို့ဖြစ်ပါ၍ ဥပဒေသစ်တွင် အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် ညှင်းပန်းနှိပ်စက်မှု အထောက်အထားများ တွေ့ရှိပါက တရားရုံးအနေဖြင့် တစ်ဦးတည်း စောင့်ရှောက်ခွင့်ကိုသာ ချမှတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Ref: ဘီဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥပဒေအရာရှိများအနေဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် ပြည်ထောင်စုရှေ့နေချုပ်လမ်းညွှန်

ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိနားလည်ပြီး လုပ်ငန်းလမ်းညွှန်သဖွယ် လိုက်နာကျင့်သုံးခြင်းဖြင့် ပြည်သူများ ယုံကြည်အားထားမှု ပိုမိုရရှိလာစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်းဥပဒေရေးရာ  ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ကပြောသည်။ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန်တာဝန်ရှိသည့် ဥပ‌ဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုရှေ့နေချုပ် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း (Interview) အစီအစဉ်သည် ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက ဥပဒေအရာရှိတစ်ဦးချင်းစီအား ဥပဒေအရာရှိကျင့်ဝတ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခြင်း လည်း ဖြစ်သည်။ ဥပဒေရေးရာဝန်ကြီးဌာန လက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများ၊...

ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းက စားမှုကျူးလွန်ရာတွင်အသုံးပြုသည့် တရားမဝင်အ ဆောက်အအုံများအနက် (၃)လုံးကိုဦးစွာဖြိုချဖျက်ဆီး

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင်အသုံးပြုသည့် အ ဆောက်အအုံ(၇၇)လုံးကို စစ်ဆေးဖော်ထုတ်ခဲ့ကြသည်။ ယင်း အဆောက်အအုံ(၇၇)လုံးအားချိတ်ပိတ်၍ ဖြိုချဖျက်ဆီးရန် အဆောက်အဦအမျိုးအစားအလိုက် ပထ မဆင့်ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက် အအုံ(၅၇)လုံး၊ ဒုတိယအဆင့်ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ(၂၀)လုံးကို အဆင့်(၂)ဆင့်ဖြင့်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဖြိုချဖျက်ဆီးခဲ့သည်။ ထို့ကြောင့် မေ ၂၅ ရက်တွင် ပထမအဆင့် ယာဉ်ယန္တ ရားဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်ရာ ၌အသုံးပြုခဲ့သည့် (၄)ထပ်အဆောက်အအုံ(၂)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီး ယခင် (၁၃)ထပ်အဆောက်အအုံ(၁) လုံးသည်လည်း ဖြိုချဖျက်ဆီးပြီးဖြစ်ရာ အဆောက်အ အုံ(၃)လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်သည်။ ထို့ပြင် ဖြိုချဖျက်ဆီးရန်ကျန်ရှိသည့် အဆောက်အအုံ (၇၄)လုံးကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်သည်။ 

OWIC ကတ်နှင့်ပတ်သက်၍ အလုပ်သမား(၉၀၀)ဦးကျော်ကို (၂၂)ရက်အတွင်းဆောင်ရွက်ပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၁ ရက်မှ မေ ၂၂ ရက်အတွင်း အစိုးရ ၏ ရက်(၁၀၀)စီမံကိန်းအဖြစ် OWIC ကတ်နှင့်ပတ် သက်၍ အလုပ်သမား(၉၀၄)ဦးကို အဆင်ပြေစွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအနက် OWIC ကတ် လုံးဝလျှောက်ထားရရှိခြင်းမရှိသေးသူ များနှင့် OWIC ကတ်ရှိသော်လည်း ကတ်သက်တမ်း ကုန်ဆုံး၍ သက်တမ်းတိုးလျှောက်ထားလာသူ(၆၂၆) ဦးကို OWIC ကတ်ထုတ်ပေးခြင်းနှင့် ပြည်ပထွက်ခွာခွင့်ပြုခြင်းများကို အထူးဦးစားပေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိအစီအစဉ်ဖြင့် ပြည်ပသို့ကျွမ်းကျင်အလုပ် သမားများအဖြစ် ပထမဆုံးအကြိမ်သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင်အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071