အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က တံတားတစ်စင်း ကျိုးကျခဲ့မှုကြောင့် လူ ၁၀ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာအင်န်ဒီတီဗီက ဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားခဲ့ရာ ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေဆဲဖြစ်ပြီး တံတားကျိုးကျခဲ့စဉ်တွင် တံတားပေါ်ရှိ ယာဉ်ငါးစီးသည် အောက်ဘက်မြစ်ထဲသို့ ထိုးကျခဲ့ကြောင်း ပြောကြားခဲ့သည်။
တံတားပြိုကျခဲ့သည့် အပိုင်းနှင့် မီတာအနည်းငယ်အဝေးတွင်ရှိသည့် ရေနံတင်သင်္ဘောတစ်စီး ရပ်တန့်ထားခဲ့ရကာ ကယ်ဆယ်ရေးသမားများသည် ရေအောက်မှ ရုပ်အလေ-ာင်းများကို ပြန်လည်ဆယ်ယူနေခဲ့သည်။
ယခုဖြစ်ရပ်အပေါ် လွန်စွာဝမ်းနည်းရကြောင်းနှင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲရပါကြောင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့သည်။
Ref: အက်စ်အေဘီစီနူးစ်
