Sunday, December 28, 2025

နိုင်ငံတော် ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၅ ခုနှစ်...

ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲစတင်ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...
HomeNewsLocal Newsဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ်ဆောင်ရွက်နေဟု UEC...

ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ်ဆောင်ရွက်နေဟု UEC အဖွဲ့ဝင်ဦးမျိုးလှိုင်ပြော

ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ်ဆောင်ရွက်နေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင်ဦးမျိုးလှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့လည်ပိုင်းက ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥက္ကဋ္ဌ H.E. Mr. Yerman နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အဖွဲ့ဝင်ဦးမျိုးလှိုင်မှ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲကို လာရောက်လေ့လာခြင်းအားကျေးဇူးတင်ရှိပြီး ရွေး ကောက်ပွဲတွင် စောင့်ကြည့်လေ့လာရမည့်အစီအစဉ်များ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar မှလည်း ကာဇက်စတန်နိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ် သက်၍ ဆောင်ရွက်ရမှုကို ဆွေးနွေးပြောကြားပြီး မြန် မာနိုင်ငံရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းရာ UEC အဖွဲ့ဝင်ဦးမျိုးလှိုင်က ပြန်လည်ဖြေ ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071