Tuesday, August 4, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...
HomeMoviesအကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြန်လည်ပြင်ဆင်နေ

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြန်လည်ပြင်ဆင်နေ

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

အကြမ်းဖက်အဖွဲများ၏ဖျ-က်ဆီးမှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းတွင် ငွေကျပ်သန်း (၈၀၀)ခန့်နှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် အဆောက်အအုံများနှင့် မြို့ပြတည်ဆောက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်/ယာဉ် ယန္တရားများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ငွေကျပ် (၂၆)ဘီလီယံခန့်ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပနိုင်ငံမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၏ ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးသိရှိနိုင်ရန် ယင်း ပစ္စည်းများတင်သွင်းတပ်ဆင်ရန် စာချုပ်ချုပ်ဆိုထားသော ပြည်ပကုမ္ပဏီနှင့် ဌာနမှကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များပူးပေါင်း၍ အသေးစိတ်စစ်ဆေးခြင်းနှင့် တန်ဖိုးသင့်တွက်ချက်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းရုံးနှင့် ဝန် ထမ်းအိမ်ရာအဆောက်အအုံများပြန်လည်ပြုပြင်တည် ဆောက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပြီး စီးခဲ့၍ ကျောက်မဲမြို့၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပြန်လည်ရရှိသည်နှင့် ကျောက်မဲမြို့စီမံ ကိန်းအခြေစိုက်စခန်းတွင် ထရန်စဖော်မာများပြန်လည်တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းများပြန်လည်ပြုပြင်တပ်ဆင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
 
ထို့အတူ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းလုပ် ငန်းခွင်စခန်းတွင် စီမံကိန်းအဝင်လမ်းများပြန်လည်ပြု ပြင်အဆင့်မြှင့်တင်ခြင်း၊ စီမံကိန်းရှင်းလင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာများပြုပြင်မွမ်းမံတည်ဆောက်ခြင်း၊ ရေမီးရရှိရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်းတို့လည်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်လျက်ရှိပြီး ပျ-က်စီးဆုံးရှုံးခဲ့မှုများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှကျခံ၍ ဆက်လက်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည် နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၏ တောင်ဘက်မိုင် (၂၀)ခန့်အကွာ၊ တောင်ခြေကျေးရွာအနီး ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင်တည်ရှိကာ စီမံကိန်း(၂၈၀ မဂ္ဂါဝပ်)ကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံး၏ (၅၃ ဒသမ ၉၅)ရာနှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်တွင်ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိကာ စီမံကိန်းတစ်ခုလုံးပြီးစီးပါက ပျမ်းမျှလျှပ်စစ်ဓာတ်အား ယူနစ်(၁,၄၀၉)သန်း နှစ်စဉ်ထုတ်လုပ်၍ မဟာဓာတ်အားလိုင်းမှတစ်ဆင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံလူဦးရေ(၃ ဒသမ ၇)သန်းအား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်နေသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071