ဂါဇာ၊ဖေဖော်ဝါရီ ၂၅
ဂါဇာကမ်းမြှောင်၌ အအေးလှိုင်းကြောင့် လူမမည်ကလေးငယ်သေဆုံးမှုအရေအတွက်သည် ခြောက်ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များကဖော်ပြခဲ့သည်။
ယခုတလောအချိန်၌ ပြင်းထန်လွန်းသည့်အအေးဒဏ်ကြောင့် လူမမည်ကလေးငယ်သေဆုံးသူခြောက်ဦးအထိရောက်ရှိလာပြီး ဆောင်းရာသီအစကတည်းက ယခုအထိဆိုလျှင် ၁၅ ဦးအထိရှိလာပြီဖြစ်သည်ဟုလည်းဆိုသည်။
စစ်ကြောင့် ဆေးဘက်ဆိုင်ရာအခြေခံအဆောက်အဦများပျက်စီးခြင်းကလည်း ဒေသတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို အဟန့်အတား ဖြစ်နေသဖြင့် ကျန်းမာရေးအကျပ်အတည်းပိုမိုဆိုးရွားလာသည်ဟုလည်းသိရသည်။
စွမ်းအင်အရင်းအမြစ်ပြတ်လပ်မှုနှင့် မကြာခဏ ဓာတ်အားပြတ်တောက်မှုများကြောင့် ဆေးရုံများ၊ အထူးသဖြင့် ကလေးအထူးကုဆေးခန်းများ၌ မရှိမဖြစ်လိုအပ်သော ဆေးဝါးကုသမှု ပေးနိုင်ရန် ရုန်းကန်နေရသည်ဟုလည်းပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသသည် မကြာသေးမီရက်များအတွင်းက ပြင်းထန်သောအအေးလှိုင်းကိုကြုံတွေ့နေရပြီး လေပြင်းတိုက်ခတ်မှု၊မိုးသည်းထန်စွာရွာသွန်းမှုနှင့် အပူချိန်နိမ့်ကျပြီး အအေးလွန်ကဲမှုတို့နှင့်ကြုံတွေ့နေရသည်။
ပြင်းထန်သောရာသီဥတုကြောင့် ရာနှင့်ချီသောတဲများပြိုပျက်ကာ ဒုက္ခသည်စခန်းအများအပြား၌လည်း မိုးသည်းထန်မှုကြောင့်ရေကြီးရေလျှံပြီး ထောင်နှင့်ချီသောမိသားစုများ၏ဒုက္ခကိုလည်း ပိုမိုဆိုးရွားစေခဲ့သည်။
Source : ရှင်းဟွာ