အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာကမ်းမြောင်ဒေသတွင် အပ-စ်အခ-တ်ရပ်စဲရေးနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအဆုံးသ-တ်ရေးအတွက် စီမံချက်ကိုအကောင်အထည်ဖော်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အခြားသောဒေသများသို့ ငြိမ်းချမ်းရေးရောက်ရှိရန် အရှိန်အဟုန်ကိုဖြစ်ပေါ်စေနိုင်ပြီး ယူကရိန်းအရေးပြေလည်မှုအပေါ်ပါ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်က ပြောကြားသည်။
အမေရိကန်အာဏာပိုင်များက ပါလက်စတိုင်းဒေသပဋိပက္ခကို ဖြေရှင်းရန် အဆိုပြုထားသည့် စီမံချက်နှင့် ပတ်သက်၍ Fox News သတင်းဌာနနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးရာ၌ ဝစ်ကော့ဖ်က “သမ္မတ [ထရမ့်] က အလုံးစုံငြိမ်းချမ်းရေးကို မြင်တွေ့လိုတာပါ။ ဒါဟာ ဂါဇာအကြောင်းသက်သက် မဟုတ်ပါဘူး။ ဒီအရာက အရှေ့အလယ်ပိုင်းဒေသရှိ တခြားနယ်ပယ်တွေအားလုံးထဲကို ဘယ်လိုပျံ့နှံ့သွားနိုင်မလဲ၊ ဒါ့အပြင် ရုရှားနဲ့ ယူကရိန်းအထိတောင် ဘယ်လိုသက်ရောက်သွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပါတယ်” ဟု ပြောသည်။
ထရမ့်၏ အဆိုပြုချက်ကို ပါရှန်းပင်လယ်ကွေ့နိုင်ငံများနှင့် ဥရောပနိုင်ငံများ နှစ်ဖက်စလုံးမှ ထောက်ခံကြောင်း ဝစ်ကော့ဖ်က ထပ်လောင်းပြောကြားသည်။
ယင်းမတိုင်မီက အိမ်ဖြူတော်သည် ဂါဇာကမ်းမြောင်ပဋိပက္ခ ဖြေရှင်းရေး အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဉ်တွင် ပဋိပက္ခများ လုံးဝရပ်စဲရေးနှင့် ဟားမတ်စ်တို့က ထိန်းသိမ်းထားသည့် ဓားစာခံများကို ၇၂ နာရီအတွင်း ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။ ထို့အပြင်၊ အဆိုပါစာရွက်စာတမ်းတွင် ကမ်းမြောင်ဒေသကို ပြောင်းလဲရေးကာလအတွက် ပြင်ပအုပ်ချုပ်ရေး လက်အောက်သို့ လွှဲပြောင်းပေးရန် အဆိုပြုထားသည်။ ထိုကာလအတွင်း ဒေသခံများကို ထွက်ခွာခွင့်နှင့် ပြန်လာခွင့် ပေးအပ်မည်ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဝါရှင်တန်ဒီစီတွင် သမ္မတထရမ့်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဂါဇာရှိ စစ်ရေးလှုပ်ရှားမှုများ အဆုံးသ-တ်ရေးအတွက် အမေရိကန်သမ္မတ၏ စီမံချက်ကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ ဟားမတ်စ်တို့က အဆိုပါ အဆိုပြုချက်ကို ပယ်ချခြင်း သို့မဟုတ် ဖျ-က်ဆီးခြင်းပြုပါက အစ္စရေးက “အလုပ်ကို သူ့ဘာသာ အဆုံးသ-တ်မည်” ဟုလည်း သူက ဆိုသည်။
