Tuesday, July 28, 2026

ASEAN Hyundai Cup 2026...

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့...

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉...

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက...

မြန်မာဘက်က လုပ်သားအင်အား၊ ဂျပန်ဘက်က နည်းပညာနဲ့...

"ကျွန်မတို့နိုင်ငံမှာ လူငယ်လုပ်သားအင်အားပေါများတာ အားသာချက်ဖြစ်ပြီး ဂျပန်နိုင်ငံမှာက နည်းပညာနဲ့ အရင်းအနှီးတွေရှိတာအားသာချက်ပါ။ ဒီအားသာချက်‌ေတွကို ပူးပေါင်းဆောင်ရွက်လိုက်ရင် နှစ်နိုင်ငံလုံးအတွက် Win-Win Situation ဖန်တီးနိုင်မှာပါ။ ဒါဟာ...
HomeInternationalဂါဇာအပစ်အခတ်ရပ်စဲပြီးနောက် နေတန်ယာဟုက ထရမ့်ကို...

ဂါဇာအပစ်အခတ်ရပ်စဲပြီးနောက် နေတန်ယာဟုက ထရမ့်ကို ရွှေငြိမ်းချမ်းရေးချိုးငှက်လက်ဆောင်ပေး

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္လာနေ့တွင် ၎င်း၏နိုင်ငံသို့ လာရောက်လည်ပတ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်အား ရွှေငြိမ်းချမ်းရေးချိုးငှက်ရုပ်တုငယ်တစ်ခုကို လက်ဆောင်ပေးခဲ့သည်။ ထရမ့်သည် ဟားမတ်စ်တို့က ကျန်ရှိနေသေးသည့် အသက်ရှင်လျက်ရှိသော အစ္စရေးဓားစာခံများအားလုံးကို ပြန်လည်လွှဲပြောင်းပေးသည့်နေ့တွင် အစ္စရေးနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ဂါဇာအပစ်အခတ်ရပ်စဲရေးကို အမှတ်အသားပြုလိုက်ခြင်းဖြစ်သည်။

အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကြားဝင်စေ့စပ်ပေးခဲ့သည့် ထရမ့်သည် ယနေ့တွင် အစ္စရေးလွှတ်တော်အမတ်များအား မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေး လက်မှတ်ရေးထိုးရန် အီဂျစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ “စစ်ပွဲပြီးသွားပြီ။ ဒါဟာ ကြီးမြတ်တဲ့နေ့ပါ။ ဒါက အစသစ်တစ်ခုပါပဲ” ဟု ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုသည့်အနေဖြင့် အစ္စရေးသို့ ဆင်းသက်ချိန်တွင် ပြောကြားခဲ့သည်။ ဟားမတ်စ်သည် လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို လိုက်နာလိမ့်မည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ယင်းနေ့ အစောပိုင်းတွင် ဟားမတ်စ်တို့က အမေရိကန်ကြားဝင်စေ့စပ်ပေးသည့် ဂါဇာအပစ်အခတ်ရပ်စဲရေးအရ ဓားစာခံ-အကျဉ်းသား လဲလှယ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးဓားစာခံ ၂၀ ဦးလုံးကို ပြန်လည်လွှတ်ပေးခဲ့သည်။ ဓားစာခံများကို အဆင့်နှစ်ဆင့်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်တွင် ဓားစာခံ ၇ ဦးကို ကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးခဲ့ပြီး ဒုတိယအဆင့်တွင် ကျန်ရှိသော ၁၃ ဦးကို လွှဲပြောင်းပေးခဲ့သည်။ အစ္စရေးကလည်း ထိုလဲလှယ်မှုအတွက် ပါလက်စတိုင်းအကျဉ်းသား ၁,၉၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်သည်။

ထရမ့်သည် ယခုအခါ အီဂျစ်သမ္မတ အာဘယ်ဖတ်တာ အယ်လ်-စီစီ နှင့်အတူ ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ရှာမ်အယ်လ်ရှိုက်ခ်(Sharm El Sheikh) သို့ ဦးတည်သွားမည်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များသည် အဆိုပါပွဲသို့ တက်ရောက်ကြမည်ဖြစ်သည်။ အဆိုပါထိပ်သီးအစည်းအဝေးသည် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန်နှင့် ဒေသဆိုင်ရာ လုံခြုံရေးခေတ်သစ်ကို စတင်ရန် ရည်ရွယ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ASEAN Hyundai Cup 2026 ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၀-၂ ဂိုးဖြင့် ဦးဆောင်ထား

ASEAN Hyundai Cup 2026 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့၏ ပွဲစဉ်တွင် ပထမပိုင်း (HT) ပြီးဆုံးချိန်၌ မြန်မာအသင်းက ၀-၂ ဂိုးဖြင့် ဦးဆောင်ထားသည်။ ပွဲစတင်သည်မှစ၍ နှစ်ဖက်စလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း မြန်မာအသင်းက ရရှိသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချကာ ပထမပိုင်းအတွင်းမှာပင် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်း ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မြန်မာအသင်း၏ ခံစစ်နှင့် ဂိုးသမားတို့၏ ကာကွယ်မှုကြောင့် ဂိုးမရရှိဘဲ ပထမပိုင်းကို...

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်မယ်လို့ ချဒ်နိုင်ငံ ကြေညာ

ချဒ်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC) ကနေ နှုတ်ထွက်ဖို့ စီစဉ်နေကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပြီး နောက်ဆုံး နှုတ်ထွက်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ခုံရုံးရဲ့ ထိရောက်မှုဟာ "ကန့်သတ်ချက်ရှိပြီး ညီမျှမှုမရှိဘူး" လို့ တိုင်ကြားခဲ့သလို ခုံရုံးရဲ့ လုပ်ဆောင်ချက်တွေဟာ အာဖရိကအပေါ်မှာပဲ ဗဟိုပြုနေတယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလို‌ကြေညာတာဟာ အမေရိကန်ရဲ့ လှုပ်ရှားမှုအပြီးမှာ ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ ဒီလအစောပိုင်းတုန်းက ICC ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် ကြေညာခဲ့ပြီး အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ICC ဟာ "အမေရိကန်ရဲ့...

ရထားစီးခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက် ORTP ထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၈ ရထားခရီးစဉ်များ ချောမွေ့လုံခြုံစေရေးအတွက် စီးနင်းသူခရီးသည်များ လိုက်နာရမည့် စည်းကမ်း ၉ ချက်ကို ORTP က ထုတ်ပြန်ခဲ့ပြီး ဖောက်ဖျက်ပါက ထောင်ဒဏ် (၃) လအထိ သို့မဟုတ် ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရထားပေါ်ရှိ အရေးပေါ်ကိရိယာများကို အကြောင်းမဲ့ အသုံးမပြုရ။ ဆက်သွယ်ရေးစနစ်နှင့် စက်ပစ္စည်းများကို မဖျက်ဆီး၊ မနှောင့်ယှက်ရ။ ရထား ထွက်ခွာချိန် သို့မဟုတ် မရပ်မီ ခုန်တက်၊ ခုန်ဆင်း မပြုရ။ ရထားအမိုး၊ ခြေနင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071