ဂါဇာစီးတီးရှိ Al-Shifa ဆေးရုံအနီးတွင်အစ္စရေး၏ ပ-စ်မှတ်ထား တို-က်ခို-က်မှုကြောင့်ထင်ရှားသော သတင်းထောက် Anas al-Sharif လည်း အပါအဝင် အယ်လ်ဂျာဇီးယား သတင်းထောက် ၅ ဦး၊ ေ-သဆုံးခဲ့ကြောင်း သိရသည်။
သတင်းဌာနများ၏ ပြောကြားချက်အရ al-Sharif၊ အခြားသတင်းထောက် Mohammed Qreiqeh နှင့် ကင်မရာသမားများဖြစ်သော Ibrahim Zaher၊ Mohammed Noufal နှင့် Moamen Aliwa တို့သည် ဆေးရုံ၏ အဓိကဝင်ပေါက်ရှိ သတင်းထောက်များအတွက် ဆောက်ထားသော တဲတစ်ခုထဲတွင် ရှိနေစဉ် တို-က်ခို-က်ခံခဲ့ရခြင်း ဖြစ်သည်။
တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ယင်းတို-က်ခို-က်မှုသည် “စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် လျစ်လျူရှု၍ ကြိုတင်ကြံစည်ထားသော တို-က်ခို-က်မှု” ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများက ဆိုကြသည်။ သတင်းထောက်များကာကွယ်ရေးကော်မတီ (CPJ) ကလည်း ဤတို-က်ခို-က်မှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က al-Sharif သည် “ဟားမတ်စ်အဖွဲ့တွင် အကြမ်းဖက်ဆဲလ်၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်” ဟု စွပ်စွဲကာ ၎င်းကို ပစ်မှတ်ထားတို-က်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
သူသည် “အစ္စရေးအရပ်သားများနှင့် IDF တပ်ဖွဲ့ဝင်များအပေါ် ရော့ကက်တို-က်ခို-က်မှုများကို လှုံ့ဆော်ခဲ့သည်” ဟုလည်း IDFက စွပ်စွဲပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်းသည် ဟားမတ်စ်အဖွဲ့၏ ယူနစ်တစ်ခုတွင် ပါဝင်ခဲ့ကြောင်း ပြသသည့် ဟားမတ်စ်စာရွက်စာတမ်းများ ရှိသည်ဟုလည်း အခိုင်အမာဆိုသည်။
ထိုသို့ပြောသော်လည်း အစ္စရေးသည် ၎င်း၏စွပ်စွဲချက်များကို အထောက်အထားပြရန် ပျ-က်ကွက်ခဲ့ကြောင်း CPJ က ပြောကြားခဲ့သည်။
CPJ ၏ အမှုဆောင်အရာရှိချုပ် Jodie Ginsberg က ဘီဘီစီသို့ ပြောကြားရာတွင် “ဒါက အစ္စရေးဆီကနေ ကျွန်တော်တို့ မြင်နေရတဲ့ ပုံစံတစ်ခုပဲ။ အခုလက်ရှိစစ်ပွဲမှာတင်မဟုတ်ဘဲ ဆယ်စုနှစ်များစွာကတည်းက ဒီလိုပဲစွပ်စွဲနေတာပါ။ သတင်းထောက်တစ်ယောက်ကို အစ္စရေးတပ်ဖွဲ့တွေက သ-တ်ဖြ-တ်လိုက်ပြီးနောက်မှာ အဲဒီလူဟာ အကြမ်းဖက်သမားဖြစ်တယ်လို့ အစ္စရေးက ပြောနေကျဖြစ်ပေမဲ့ အဲဒီစွပ်စွဲချက်တွေကို ထောက်ခံနိုင်တဲ့ အထောက်အထား အနည်းငယ်သာ ပေးနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အယ်လ်ဂျာဇီးယား၏ စီမံခန့်ခွဲမှုဆိုင်ရာ အယ်ဒီတာ Mohamed Moawad က al-Sharif သည် အသိအမှတ်ပြုထားသော သတင်းထောက်ဖြစ်ပြီး ကမ္ဘာကဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပျက်နေသည်များကို သိရှိနိုင်ရန်အတွက် “တစ်ဦးတည်းသော အသံ” ဖြစ်သည်ဟု ဘီဘီစီသို့ ပြောကြားခဲ့သည်။
