Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeInternationalဂါဇာတွင် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားခြင်းမလုပ်ရန်...

ဂါဇာတွင် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားခြင်းမလုပ်ရန် ကုလအကြီးအကဲ သတိပေး

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ရယူကာ ပါလက်စတိုင်းများကို အခြားနေရာများသို့ ရွှေ့ပြောင်းချထားမည်ဆိုသည့် ထရမ့်ပ်၏ အဆိုပြုချက်ထွက်ပေါ်လာပြီးနောက် ဂါဇာတွင် လူမျိုးစုလိုက် ဖယ်ရှားရှင်းလင်းခြင်း ကို မလုပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။

“ဖြေရှင်းနည်းတွေကို ရှာဖွေရာမှာ ပြဿနာကို ပိုးဆိုးသွားစေအောင် လုပ်လို့မရပါဘူး။နိုင်ငံတကာဥပဒေရဲ့ အခြေခံအုတ်မြစ်ကို သစ္စာစောင့်သိဖို့ အင်မတန်အရေးကြီးပါတယ်၊ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ ဘယ်ပုံစံမျိုးကိုမဆို မဖြစ်မနေ ရှောင်ရှားရပါမယ်” ဟု ကုလသမဂ္ဂကော်မတီအစည်းအဝေးတွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းချက်ကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုရပါမယ်” ဟုလည်း သူက ပြောသည်။

ပါလက်စတိုင်းပြည်သူများနှင့် ခွဲခြား၍ မရသော အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ မိန့်ခွန်းပြောရောတွင် ထရမ့်ပ် သို့မဟုတ် သူ၏ ဂါဇာဆိုင်ရာ အဆိုပြုချက်နှင့်ပတ်သက်၍ ဂူတာရက်စ်က အမည်တပ်ပြောခြင်းမျိုးမရှိခဲ့ပေ။ သို့ရာတွင် ဂူတာရက်စ်၏ ပြောဆိုချက်သည် တုန့်ပြန်မှုအဖြစ် ရှုမြင်မည်ဆိုလျှင်လည်း မျှတသောယူဆချက်ဖြစ်လိမ့်မည်ဟု သူ၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ဂူတာရက်စ်သည် ဒေသတွင်းအခြေအနေများနှင့် ပတ်သက်၍ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် စကားပြောခဲ့သည်ဟု ဒူဂျာရစ်က ပြောဆိုသည်။

ကုလသမဂ္ဂသည် လုံခြုံပြီး အသိအမှတ်ပြုထားသည့် နယ်စပ်များအတွင်း ဘေးချင်းကပ်နေထိုင်သည့် နှစ်နိုင်ငံ မျှော်မှန်းချက်ကို ကာလကြာရှည် ထောက်ခံထားသည်။ ပါလက်စတိုင်းတို့သည် ၁၉၆၇ ခုနှစ်ကစ၍ အစ္စရေးတို့ တရားမဝင်သိမ်းပိုက်ထားသော နယ်မြေများဖြစ်သည့် အနောက်ဘက်ကမ်းဒေသ၊ အရှေ့ဂျေရုဆလင်နှင့် ဂါဇာကမ်းမြောင်တို့ပါဝင်သော နိုင်ငံတစ်ခုကို ထူထောင်လိုကြသည်။

အစ္စရေးသည် ၂၀၀၅ ခုနှစ်တွင် ဂါဇာကမ်းမြောင်မှ စစ်သားများနှင့် အခြေချနေထိုင်သူများကို ရုပ်သိမ်းခဲ့သည်။ အဆိုပါနယ်မြေကို ၂၀၀၇ ခုနှစ်ကစ၍ ဟားမတ်စ်တို့က အုပ်ချုပ်နေခဲ့သော်လည်း အစ္စရေး သိမ်းပိုက်ထားဆဲအခြေအနေအဖြစ် ကုလသမဂ္ဂက မှတ်ယူထားသည်။ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခွင့်ကို အစ္စရေးနှင့် အီဂျစ်က ထိန်းချုပ်ထားသည်။

Ref: သည်နူးအာရပ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071