Thursday, May 14, 2026

Build-Smart & Biggest Myanmar...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ...

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန်...

လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးမှုကာလ တစ်ပတ်တိုးမြှင့်ပေးထားကြောင်း သိရသည်။ အသိပညာ‌ပေးမှုကို မေ ၇ ရက်က စတင်၍ တစ်ပတ်ပြုလုပ်ခဲ့ပြီးနောက် ယနေ့...
HomeInternationalဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည်...

ဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည် အမေရိကန်၏ ပြည်နယ်ဖြစ်လာသင့်ကြောင်း ထရမ့်ဆို

သမ္မတထရမ့်က သူ၏ အဓိက နိုင်ငံခြားရေးမူဝါဒများအကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လူထုထံ ထုတ်ဖော်ပြောကြားခဲ့ရာတွင် ဂရင်းလန်ဒေသကို ဝယ်ယူလိုသည့် ဆန္ဒနှင့် ကနေဒါကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲရန် ကိစ္စများအကြောင်း ပါဝင်သည်။

ထရမ့်သည် ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက မိုင်ယာမီသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂရင်းလန်ကျွန်းကို ဝယ်ယူလိုကြောင်း ၂၀၁၉ ခုနှစ်ကတည်းကပင်လျှင့် ထရမ့်ကပြောကြားခဲ့ဖူးသည်။ ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်ဒေသတွင် တည်ရှိသော ကျယ်ပြန့်သည့် ကျွန်းတစ်ခုဖြစ်သည်။

ဂရင်းလန်သည် “ရောင်းစားရန် မဟုတ်ကြောင်း” ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ထိုစဉ်ကတည်းကပင်လျှင် ပြောကြားခဲ့သော်လည်း၊ ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ထရမ့်က စနေနေ့က ထပ်မံပြောကြားခဲ့သည်။

“ဂရင်းလန်ကို ငါတို့ ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ဂရင်းလန်ကလူတွေကလဲ ငါတို့နဲ့ အတူနေချင်ကြတယ်လို့ ထင်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဂရင်းလန်တွင် ရှားပါးသော သတ္တုများနှင့် ယူရေနီယမ်ကဲ့သို့သော အရေးပါသည့် သဘာဝအရင်းအမြစ်များ ရှိသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျွန်းအတွက်လုံခြုံရေးကို တာဝန်ယူပေးလိုကြောင်း ထရမ့်ပြောကြားခဲ့သည်။

“ဒိန်းမတ်က ဘာကြောင့် ဒီကျွန်းကို ပိုင်ဆိုင်တယ်ဆိုတာ ငါတကယ် မသိဘူး။ ဒါပေမယ့် ကျွန်းအတွက် လုံခြုံရေးတာဝန်ယူတာကို ခွင့်မပြုဘူးဆိုရင် ဒါဟာ မဖော်ရွေတဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်။ ဒါက ငါတို့အတွက် မဟုတ်ဘူး၊ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးအတွက် ဖြစ်တယ်” ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

သူ၏ ဒုတိယသက်တမ်းတွင် ကနေဒါအပေါ် အကောက်ခွန်များ စတင်ကောက်ခံမည်ဟု ထရမ့်ကခြိ-မ်းခြောက်ခဲ့ပြီး၊ စနေနေ့တွင် အမေရိကန်၏ မြောက်ဘက်အိမ်နီးချင်းနိုင်ငံသည် “ကုန်သွယ်ရေးတွင် အမေရိကန်တို့ကို အလွန်မတရားဆက်ဆံခဲ့သည်” ဟု ပြောကြားခဲ့သည်။

“ငါက ကနေဒါကို ချစ်တယ်။ ငါ့မှာ ကနေဒါ မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတို့က ငါတို့ကို ကြိုက်တယ်။ သူတို့က ငါ့ကိုလဲ ကြိုက်တယ်။ ဒါပေမယ့် ကနေဒါနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုကို နှစ်ပေါင်းများစွာ အခွင့်ကောင်းယူခဲ့တယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ကနေဒါသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် ပိုမိုမှီခိုနေရပြီး၊ အမေရိကန်မရှိပါက ကနေဒါအနေဖြင့် ရုန်းကန်ရမည်ဖြစ်ကြောင်း ထရမ့်ကဆိုသည်။

“ဒါကြောင့် ဒီနိုင်ငံဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်လာမယ်ဆိုရင်၊ ကနေဒါကလူတွေဟာ အခွန်ကို နည်းနည်းပဲပေးရလိမ့်မယ်။ သူတို့ရဲ့ အခွန်ကို တစ်ဝက်လျှော့ပေးရလိမ့်မယ်။ သူတို့မှာ စစ်ရေးပြဿနာတွေ မရှိတော့ဘူး။ သူတို့က ပိုပြီး လုံခြုံမှုရှိလိမ့်မယ်။ ဒါက ကနေဒါအတွက် ကြီးမားတဲ့ အရာတစ်ခုလို့ ထင်တယ်။”ဟုလည်းသူကကပြောသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ် မည်သည့်အခါတွင်မျှ ဖြစ်လာမည်မဟုတ် ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဒီဇင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ကနေဒါအပေါ် အကောက်ခွန်များ စတင်တင်းကြပ်ကောက်ခံလာပါက အမေရိကန်စားသုံးသူများအတွက် ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဟုလည်း Justin Trudeau က သတိပေးခဲ့သည်။ ထရမ့်ကမူ ကနေဒါအပေါ် အမေရိကန်၏ အကောက်ခွန်များသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု စနေနေ့က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲ ရန်ကုန်မြို့၌ ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူအတွက် ပထမရက် ၁၀၀...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို စောင့်ရှောက်ထား

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင်  ကလေးသူငယ်တရားရုံးများမှ ပေးပို့သော အသက် (၁၂) နှစ်မှ (၁၈) နှစ်အထိ  ယောင်္ကျားလေး ၃၇၆ ဦးနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၃ ဦးတို့ကို လက်ခံစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ “ကလေးများသည် အနာဂတ်ကိုပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ ကလေးတစ်ဦးချင်းစီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အုပ်စုလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အနားယူအပန်းဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ်များကိုလည်း ပိုမိုဆောင်ရွက်ပေးစေလိုကြောင်းလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071