Sunday, September 20, 2026

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026)...

ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ ငါးရက်တိုင် တရားပွဲများ...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင်...
HomeCelebrities' Newsခန္ဓာကိုယ်ရဲ့ အလှကို အစားအသောက်နဲ့...

ခန္ဓာကိုယ်ရဲ့ အလှကို အစားအသောက်နဲ့ ထိန်းတာမျိုး မရှိဘူးဖွေးဖွေး

ပရိသတ်တွေရဲ့ အချစ်ကို ရရှိ ထားတဲ့ သရုပ်ဆောင်ဖွေးဖွေးက တော့ လတ်တလောမှာ ကားရိုက်တွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ဖွေး ဖွေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေကြည့်တဲ့ ပရိသတ်တွေအနေနဲ့လည်း ရင်ထဲမှာ အမြဲတမ်းကျန်ရစ်နေအောင် သရုပ် ဆောင်ကောင်းတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ အခုသူ သရုပ် ဆောင်ထားတဲ့ ‘သမ္မတကြီးထံ ပေး စာ’ ရုပ်ရှင်ဇာတ်ကားကြီးက ပရိ သတ်ရှေ့ထံ မကြာခင်ရောက်ရှိလာ တော့မှာဖြစ်ပါတယ်။ ‘သမ္မတကြီးထံ ပေးစာ’ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတဲ့ အချိန်မှာ ဇာတ်ကားထဲက တချို့ စကားတွေကို ပြောဖို့ တော်တော် သတ္တိမွေးခဲ့ရတယ်လို့ ဖွေးဖွေးက ..

”ဒီဇာတ်ကားက ဖွေးအတွက် တော်တော်စိန်ခေါ်မှုများခဲ့တယ်။ ဖွေးရော၊ ကိုဝိုင်းရော၊ အလင်းရောင် ရော အကုန်လုံးတော်တော် ကြိုးစား ခဲ့ရတယ်။ အချစ်ဇာတ်လမ်း မဟုတ် ဘဲနဲ့ နိုင်ငံရေးဇာတ်ကားလို့ တောင် ပြောလို့ရတယ်ပေါ့နော်။ အရင်ခေတ် တုန်းက ဆင်ဆာမရတဲ့ စကားလုံး တွေ တော်တော်များများကို ဒီခေတ် မှာ ဖွေးတို့ ဆင်ဆာရတယ်။ ဖွေး လည်း ဒီစကားလုံးတွေ ပြောဖို့ အတွက် သတ္တိတော်တော် မွေးခဲ့ရ တယ်။ ဖွေးအနေနဲ့လည်း ဖွေးသရုပ် မဆောင်ဖူးတဲ့ ကာရိုက်တာ၊ ပရိသတ် တွေအနေနဲ့လည်း ကြားရခဲတဲ့စကား လုံးတွေပါတဲ့အတွက် ကြည့်ရတာ တန်မယ်လို့ ဖွေးယုံကြည်ပါတယ်”လို့ ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးလို့ ပြောလိုက်တာနဲ့ နာမည်နဲ့လိုက်အောင် ဖြူဖွေးပြီး ချစ် စရာကောင်းတယ်လို့ သတ်မှတ်ထား တဲ့ ပရိသတ်တွေအတွက် ဒီလိုဖြူဖြူ ဖွေးဖွေးလေးဖြစ်အောင် အသား အရေနဲ့ ပတ်သက်ပြီး ဘယ်လိုထိန်း သိမ်းဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာ တော့ ဖွေးဖွေးက…

”ဖွေးအကြိုက်ဆုံးက Colour Product တွေထက်စာရင် Skin Care ထိန်းသိမ်းမှုကို အကြိုက် ဆုံးပဲ။ လူတစ်ယောက်က အလှမပြင် ထားလို့ ရှိရင်တောင်မှ အသားအရေ ကောင်းရင် လူက လှနေတယ်လို့ ခံ စားရတယ်။ ယုံကြည်မှုလည်း ပိုရှိ တယ်။ ဖွေးကတော့ မိန်းကလေးတွေ အနေနဲ့ဆို ဖြူဖြူညိုညို ကိုယ့်အသား အရေကြည်ကြည်လေးရှိနေရင် ယုံ ကြည်မှုရှိနေမှာပါ။ ဖြူလည်း လှ တယ်။ ညိုလည်း လှတယ်။ ဖွေးလည်း ခန္ဓာကိုယ်ရဲ့အလှကို အစားအ သောက်နဲ့ ထိန်းသိမ်းတာမရှိဘူး။ ဖွေးက အစပ်တွေ တအားစားပေ မယ့် အဖုလုံးဝမထွက်ဘူး။ အထူးတ လည်အစားရှောင်တာတွေ မရှိပါဘူး။ ဖွေးအနေနဲ့ ပုံမှန်လေးပဲ အသားအ ရေထိန်းသိမ်းဖြစ်တယ်။ သူများတွေ လို တအားကြီး ထိန်းသိမ်းတာတော့ မရှိပါဘူး”လို့ အသားအရေထိန်းသိမ်း မှုနဲ့ပတ်သက်ပြီး ဖွေးဖွေးက ပြောပြ ခဲ့ပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင် ဒေသအများစု မိုးထစ်ချုန်းရွာမည်၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၀ ရက် နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။ မိုးထစ်ချုန်းရွာနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့်...

Saw Friday ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူပြီး တက်ဂ်ဘော ကြေးတံဆိပ်ဆွတ်ခူး

ရန်ကုန်၊ စက်တင်ဘာ ၂၀ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသားတစ်ဦးချင်း (Men’s Singles) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday သည် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်အနိုင်ရရှိကာ ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ Saw Friday သည် ယနေ့ စက်တင်ဘာ ၂၀ ရက်က တတိယနေရာအတွက် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို ၁၂-၇ ရလဒ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071