ယနေ့ စက်တင်ဘာ ၈ရက် နံနက်အစောပိုင်း (၂) နာရီခွဲခန့်က အမျိုးသား (၂) ဦးသည်မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဇဇ -၇၊ ၅၄ လမ်းနှင့် ၁၀၇(D)လမ်းထောင့်ရှိ ဓာတ်တိုင်ပေါ်သို့ အမျိုးသားတစ်ဦးမှ တက်ကာ လျှပ်စစ်မီးကြိုးအားဖြတ်ခိုးပြီး ကျန်တစ်ဦးကအောက်တွင် အခြေအနေစောင့်ကြည့်ပေးနေစဥ် ဓာတ်တိုင်ပေါ်တက်၍ မီးကြိုးဖြတ်ခိုးသူမှာ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးကြိုးဖြတ်ခိုးတဲ့ (၂) ယောက်ထဲက သေဆုံးတဲ့ လူက ဇာနည်ဖြိုး(ခ)ဇာကြီးနဲ့ နောက်တစ်ယောက်က ခန့်ကိုကို (ခ)အာလူးလို့ သိရပါတယ်။ ဇာနည်ဖြိုးက ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးဖြတ်ခိုးနေတုန်း ဓာတ်လိုက်သေဆုံးသွားသလို ခန့်ကိုကို ကိုလည်း ရဲတပ်ဖွဲ့ကလာပြီး ဖမ်းဆီးသွားပါတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား နှလုံးလှဖြူစင်နာမှုကူညီရေးအသင်းမှ မန္တလေးပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

