နာမည်ကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ သူ ချစ်ရတဲ့ မိသားစု၊ အနုပညာ ညီအစ်ကို၊ မောင်နှမတွေကို နှုတ်ဆက်ထားရစ်ပြီးတော့ ဘဝတစ်ပါးကို ကူးပြောင်းသွားပါပြီ။ ညောင်ညောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး မကြာသေးခင်ကမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့ စတင်ကြိုးစားနေချိန်မှ အခုလို စိတ်မကောင်းစရာ ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ညောင်ညောင် ကွယ်လွန်တဲ့ သတင်းကို အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ လွင်မိုးက ‘ကိုညီရေ . . . .ဒီတစ်ခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတစ်ကွေ့ .. . ပြန်တွေ့ကြရအောင်ဗျာ’လို့ ရေးသားပြီးတော့ သူ့ရဲ့ Facebook မှာ Post တင်ခဲ့ပါတယ်။
