Thursday, April 30, 2026

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ...
HomeNewsLocal Newsချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ...

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ ဒုတိယ အများဆုံးအဖြစ်ရပ်တည်နေ

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်မှုပမာဏ ဒုတိယအများဆုံးအဖြစ်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်မှုမှာ မြန်မာနိုင်ငံအနေနဲ့ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကံပိုက်တည်းတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုကိုလည်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဟာ လင်ချန်းမြို့ မိန်တိန်းဒေသနဲ့ မျက်နှာချင်းဆိုင်မှာ ဆက်စပ်တည်ရှိနေပြီး ကုန်သွယ်မှု ပမာဏ ဒုတိယ အများဆုံးစခန်းအဖြစ်ရပ်တည် လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လင်ချန်းဒေသသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင်သာမက ခရီးသွားလုပ်ငန်းနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးပါသည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း ဝန်ကြီး ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ၁၉၅၀ ခုနှစ်မှ စတင်ပြီး သံတမန် ဆက်ဆံရေးထူထောင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုဖြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်တည် ဆောက်ခဲ့ကြသည့်အပြင် နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ၁၉၇၂ ခုနှစ်နိုဝင်ဘာလ (၁၉) ရက်တွင် လည်းကောင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ၁၉၉၄ ခုနှစ် သြဂုတ်လ (၁၃) ရက်တွင်လည်းကောင်း ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါစာချုပ်များ၏ အသီးအပွင့်များကို နှစ်နိုင်ငံပြည်သူများ ယနေ့ထိ ခံစားနေရကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် မေ(၂၅) ရက်က ကျင်းပခဲ့ပြီး မေ (၂၈) အထိ (၄)ရက် ကြာကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာ(နေပြည်တော်)-တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ ယူနန်ပြည်နယ် လင်ချန်းမြို့ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး လင်ချန်းမြို့ပြည်သူ့အစိုးရမြိုတော်ဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပြခန်းပေါင်း (၇၉) ခု ပြသထားပြီး ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ လက်ဖက်နှင့် ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့် ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်ပြသသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဖက်မှလည်း ကုန်သည်လုပ်ငန်းရှင်၊ ကုမ္ပဏီ (၇၀) ကျော်မှ ပြခန်းပေါင်း (၄၀)ကျော် ပြသထားပြီး စားသောက်ကုန်များ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများ၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မတလျှောက်ထား

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအားလျှောက်ထားခဲ့ခြင်းဖြစ်သည်။  ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဥ်တစ်စိုက်ကြိုးပမ်းအားထုတ်တော်မူကြကုန်သော ပရိယတ္တိဝန်ဆောင်၊ ပရိပတ္တိဝန် ဆောင်ဆရာတော်များက နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့်ချီးမြှင့်ထောက်ပံ့ခြင်း၊ နိုင်ငံ တော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့ခြင်းတို့ပြုလုပ်လျက်ရှိကြသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071