စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေးကို သြဂုတ်လ (၁၂)ရက် ၊ နံနက်ပိုင်းက တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးဝမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက စစ်ဆေးခြင်းဖြစ်ပြီး ကလေးဝမြို့နယ်ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးရာဇာဝင်း ဦးဆောင်သောအဖွဲ့က ချင်းတွင်းမြစ် နှင့် မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြေပေါ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာတွင် Qualit y Parameter (၁၀) မျိုးဖြင့် တိုင်းတာစစ်ဆေးပြီး နိုင်ငံတကာ စံသတ်မှတ်ချက် (၃) မျိုးဖြစ်သော National Surface Water Quality Standards in Myanmar၊ Vietnam Surface Water Quality Standards၊ National Drinking Surface Water Quality Standards (NDWQS) တို့နှင့်ကိုက်ညီမှုရှိမရှိ တိုင်းတာစစ်ဆေးခဲ့ကြကြောင်း သိရသည်။
